အီရတ်မှာရှိတဲ့ အမေရိကန်လေတပ်စခန်းတွေကို အီရန်က ဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

yyl-001-3.jpg

အီရတ်နိုင်ငံရှိ အနည်းဆုံး အမေရိကန်လေတပ်စခန်းနှစ်ခုဟာ ပဲ့ထိန်းဒုံးကျည်တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်ခဲ့တာလို့ အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။ အာဘီနဲ့ အယ်အဆတ် ဒေသမှာရှိတဲ့ အနည်းဆုံးတည်နေရာ နှစ်ခုတိုက်ခိုက်ခံခဲ့ရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အခုလို တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးမှု ရှိ၊ မရှိဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

အီရတ်နိုင်ငံ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရတဲ့သတင်းတွေ ရရှိထားပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကို သတင်းအကျဉ်းချုံး တင်ပြထားပါတယ်။ အခြေအနေကို ဂရုတစိုက်စောင့်ကြည့်နေပြီး သမ္မတရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်နေပါတယ်”လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂရီရှမ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top