ဘစ်ဘမ်း (Big Bang) မတိုင်ခင်က ဘာတွေဖြစ်ခဲ့သလဲ

40993483_1373797376085338_9185792550483525632_n.jpg

လူသားတွေမတိုင်မီက ဒိုင်နိုဆောတွေ ကမ္ဘာပေါ်မှာ လမ်းလျှောက်နေခဲ့ကြတယ်။ ကမ္ဘာကြီး မရှိခင်ကတော့ ကြီးမားတဲ့ဓာတ်ငွေ့တိမ်တိုက်တွေရယ်၊ လေထုထဲမျောနေတဲ့ ဖုန်မှုန့်တွေရယ်သာ စကြဝဠာထဲမှာရှိနေခဲ့ပါတယ်။ အဲဒီ မတိုင်ခင်ကရော…

ဒါက သိပ္ပံပညာရှင်တွေလည်း သိချင်နေတဲ့ အချက်ဖြစ်ပါတယ်။ Big Bang ကနေ ဖြစ်ပေါ်ခဲ့တဲ့ စကြဝဠာကြီးကို အဲဒီမတိုင်ခင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါပေမဲ့ သိပ္ပံနယ်ပယ်က နားလည်တတ်ကျွမ်းသူတချို့မှာတော့ များစွာသော ဖြစ်နိုင်ချေသီအိုရီတွေရှိနေပါတယ်။

သူ့တို့အတွေးတွေက ကွဲပြားမယ်၊ ကျယ်ပြန့်မယ်၊ ဒါပေမဲ့ Big Bang ပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ အားလုံးက သဘောတူကြပါတယ်။ Big Bang သီအိုရီအရကျွန်တော်တို့ရဲ့ စကြဝဠာကြီးဟာ ဆွဲငင်အားနဲ့ သိပ်သည်းဆ အဆုံးမရှိအနေအထားကို ရောက်နေတဲ့ စမှတ်တစ်ခု (အမှုန်လေးတစ်ခု) ကနေ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ တစ်စက္ကန့်ရဲ့ အပုံသန်းထောင်ပေါင်းများစွာ (အနီးစပ်ဆုံး ကတော့ ထရီလီယံ (trillion) ပေါင်း သုံးခုစာ၊ တစ်ခုကို ၁ နောက်မှာ ၀ ဆယ်နှစ်လုံးပါတဲ့ ကိန်း ၁၀၀၀၀၀၀၀၀၀၀၀၀ ဖြစ်ပါတယ်၊ ဒီတော့ တစ်စက္ကန့် ရဲ့ အပုံ (၁ နောက် သုည ၃၆ လုံး) ပုံ တစ်ပုံစာ အချိန်ကလေးဖြစ်ပါတယ်) ကလေးအတွင်းမှာ သူ့ရဲ့ အရွယ်အစားဟာ နှစ်ဆ ဖောင်းပွလာခဲ့ပါတယ်။ (ပုံမှန်အားဖြင့်တော့ အလင်းရဲ့ အမြန်နှုန်း (တစ်စက္ကန့် ကို ၁၈၆၀ဝဝမိုင်) ထက် ဘယ်အရာကမှ မမြန်နိုင်ပါဘူး။ အခု ဒါကတော့ ဗလာနယ် (space) ကိုယ်တိုင်ရဲ့ ပြန့်ကားမှု အမြန်နှုန်းဖြစ်ပြီး ဥပဒေသတွေကို ချိုးဖောက်ခဲ့ပါတယ်။

Big Bang ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ အဆင့်ဆင့်ပြောင်းလဲခဲ့တယ်။ သင်က အခု ဒီမှာရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ပေါက်ကွဲမှုမတိုင်ခင်က ဖြစ်ရပ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီ စမှတ်အမှုန်လေးမတိုင်ခင် ဘာဖြစ်ခဲ့တာပါလိမ့်.. ။ The biggest one (ဘုရားသခင်များလား)။ စကြဝဠာဟာ ရုတ်တရက် အစီအစဉ်မဲ့တဲ့ ကစဉ့်ကလျားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဥပမာ ရေခဲတုံးကလေးဟာ ရေအဖြစ်ကို ပြောင်းလဲလိုက်တဲ့အခါ မော်လီကျူးတွေ ပြိုကွဲသွားပြီး အက်တမ်တွေအဖြစ်ကို ရောက်ရှိသွားမှာဖြစ်ပြီး ရေခဲတုံးအခြေအနေကို သူ့ဘာသာသူ ပြန်ရောက်အောင် မသွားနိုင်ပါဘူး။ စကြဝဠာရဲ့ ဖြစ်စဉ်တွေမှာတော့ ပြောင်းပြန်အနေနဲ့ ဓာတ်ငွေ့တိမ်တိုက်တွေနဲ့ ဖုန့်မှုန့်တွေဟာ ဂြိုဟ်တွေ နဂါးငွေ့တန်းတွေ အဖြစ်ပြောင်းလဲသွားတာဟာ အက်တမ်ကနေ မော်လီကျူးအဖြစ် ပြောင်းလဲသွားသလိုမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့လဲ…။

အောက်မှာပြောပြထားတာတွေကတော့ စကြဝဠာကြီး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ ခန့်မှန်း ဟူဆချက်တွေဖြစ်ပါတယ်။

(၁) ကျွန်တော်တို့ စကြဝဠာကို ဖြစ်ပေါ်လာစေတဲ့ အဲဒီစမှတ်ကလေးဟာ ကျွန်တော်တို့မတိုင်ခင် အစောပိုင်း စကြဝဠာတစ်ခုရဲ့ ပြိုပျက်မှုတစ်ခုသာဖြစ်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်နိုင်ချေကတော့ ကျွန်တော်တို့ရဲ့ စကြဝဠာကြီးဟာ အခုလိုပဲ ပြိုပျက်သွားလိုက်၊ အသစ်ပြန်လည်ဖြစ်လိုက်နဲ့ လည်ပတ်နေလိမ့်မယ်လို့ ဆိုပါတယ်။ (နောက်ထပ်ပြိုပျက်မှုကို စောင့်နေရသလိုပါပဲ)။ ဒါပေမဲ့ အခုခေတ် ကျွန်တော်တို့ သိထားတဲ့ ရူပဗေဒသဘောတရားတွေအရတော့ အခုလိုပြိုပျက်ပြီး အစမှတ်ပြန်ရောက်သွားဖို့ ဖြစ်နိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ (ရူပဗေဒနည်းသစ်တွေ ရှာမတွေ့သေးတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့အချက်က ဘယ်လိုပြိုပျက်သွားမလဲဆိုတာကို သိရင် ကျွန်တော်တို့ဟာ Big Bang မတိုင်ခင် ဘာဖြစ်ခဲ့သလဲဆိုတာကို သိလာရမှာ ဖြစ်ပါတယ်။)

(၂) စကြဝဠာ ဟာ Big Bang ပေါက်ကွဲမှု အပြီးမှာ တစ်စုံတစ်ခုက လာရောက်ပြီး တွန်းအားမပေးတဲ့အတွက် တည်ငြိမ်မှုလွန်ကဲနေခဲ့တယ်။ ဖဲချပ်တွေနဲ့ ဆောက်ထားတဲ့ အိမ်ပုံစံငယ်လေးတွေလိုပါပဲ။ လေညှင်းကလေးက လာမထိသရွေ့ တည်မြဲနေသလို ဖြစ်နေတာပါ။ စကြဝဠာကတော့ တစ်စုံတစ်ခု လာရောက်တွန်းအားပေးလို့ သူရဲ့ တည်ငြိမ်မှုလွန်ကဲနေတဲ့ အခြေအနေကနေ ကျွန်တော်တို့ ရဲ့ ယခု စကြဝဠာကြီးပုံစံကို စတင် ဖောင်းပွ ပြန့်ကားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီယူဆချက်ကတော့ ရူပဗေဒနိယာမတွေကို ချိုးဖောက်ခြင်းမရှိပေမဲ့ စကြဝဠာကြီး ဘယ်လိုပုံစံပြောင်းသွားခဲ့တယ် ဆိုတာကိုတော့ ရှင်းမပြနိုင်ပါဘူး။

(၃) ကွန်တော်တို့ဟာ စကြဝဠာများစွာထဲက စကြဝဠာလေးတစ်ခုသာဖြစ်တယ်။ အခြားသော စကြဝဠာတွေကိုသာ လေ့လာခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ စကြဝဠာနဲ့မတူတဲ့ အခြားသော ပုံစံတွေကို သိရှိခွင့်ရမှာပါ။ ကံမကောင်းစွာနဲ့ စကြဝဠာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ်လို့ မရပဲ ပိတ်နေခဲ့ပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေကို စိတ်မသက်မသာဖြစ်စေတဲ့ အချက်ပါပဲ။

စကြဝဠာ ဘယ်လိုစတင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့လို့ အာကာသပညာရှင်တွေက ကောက်ရိုးတစ်မျှင်ကို ဖမ်းကိုင်မထားကြဘဲ Big Bang နဲ့ပတ်သက်ပြီး လေ့လာမှုများစွာကို ဆက်လုပ်နေကြတုန်းဖြစ်ကာ ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းတွေကိုပဲ ကျွန်တော်တို့ ယူဆလက်ခံကြရမှာပဲဖြစ်ပါတယ်။

Ref: Curiosity ” What came before the Big Bang”

Zuluu (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top