အလှအပအတွက် သဘာဝပါဝင်ပစ္စည်းတွေကို အလွန်အကျွံသုံးမိရင် ဘာတွေဖြစ်လာနိုင်မလဲ

27-1-2021-yyl-01.jpg

အသားရေထိန်းသိမ်းဖို့ဆိုရင် တချို့မိန်းကလေးတွေက သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းချင်ကြပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ ထုတ်ကုန်တွေနဲ့ မတည့်တဲ့ အသားရေမျိုးရှိတဲ့အတွက်ကြောင့်ပါ။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ပြီး အသားရေထိန်းသိမ်းရတာက အသားရေအတွက် ကောင်းပါတယ်။ ဈေးကြီးတန်ပစ္စည်းတွေထက် အကုန်အကျသက်သာတဲ့အပြင် အသားရေပျက်စီးမှာလည်း မကြောက်ရတော့ပါဘူး။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ သင့်ရဲ့အလှအပထိန်းသိမ်းဖို့အတွက် သဘာဝပါဝင်ပစ္စည်းတွေ အသုံးများရင်လည်း ဘေးဖြစ်တတ်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေက အလှအပအတွက် အလွန်အကျွံသုံးရင် ဘယ်လိုတွေဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

အုန်းဆီ

အုန်းဆီကို အလှအပရေးရာအတွက် အသုံးပြုကြတာ တွေ့ဖူးကြမှာပါ။ အုန်းဆီကို ဆံသားပျော့ပျောင်းဖို့အတွက် အသုံးပြုကြတာများပါတယ်။ ဒါပေမဲ့ ဆံပင်အမျိုးအစားတိုင်းအတွက် အုန်းဆီက အဆင်ပြေတာမဟုတ်ဘူးဆိုတာကို သိထားဖို့လိုပါတယ်။ စိမ့်ဝင်မှုအားနည်းတဲ့ဆံပင်အတွက် အုန်းဆီက ဆံသားထဲ ရေစုပ်ယူနိုင်တဲ့ လမ်းကြောင်းကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် ဆံပင်က လိုအပ်တဲ့ အစိုဓာတ်ကို မရဖြစ်စေနိုင်ပြီး ဆံသားကို ပိုပြီး ခြောက်သွေ့သွားစေနိုင်ပါတယ်။

ပန်းသီးအရက်ဗင်နီဂါ

လူတော်တော်များများက ဝက်ခြံ၊ ဗောက်ကုသဖို့အတွက် ပန်းသီးအရက်ဗင်နီဂါကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ ပန်းသီးအရက်ဗင်နီဂါကို တော်သင့်ရုံပဲ အသုံးပြုသင့်ပါတယ်။ အဲဒါရဲ့အက်ဆစ်ဓာတ်မြင့်မားမှုက သင့်အသားရေမှာ မလိုလားအပ်တဲ့ ဓာတုလောင်ကျွမ်းမှုတွေဖြစ်လာစေနိုင်ပါတယ်။ ရေနဲ့ ရောစပ်ပြီး သုံးတာအကောင်းဆုံးပါပဲ။

ကြက်ဥအကာ

ကြက်ဥအကာကိုလည်း ချွေးပေါက်ကျဉ်းသွားစေဖို့နဲ့ အသားရေနူးညံ့စေဖို့ မကြာခဏ အသုံးပြုကြပါတယ်။ ဒါပေမဲ့ ကြက်ဥအကာကို သုံးပြီး ခဏခဏအသားရေထိန်းသိမ်းမယ်ဆိုရကင် ချွေးပေါက်ပိတ်သွားတာမျိုးတွေဖြစ်လာနိုင်တဲ့အတွက် အရမ်းအသုံးမပြုတာအကောင်းဆုံးပါပဲ။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ကလည်း ဝက်ခြံကုသတဲ့နေရာမှာ အစွမ်းထက်တဲ့အတွက် လူသုံးများလာကြပါတယ်။ တချို့က သစ်ကြံပိုးခေါက်ကို ပေါင်းတင်ဆေးလုပ်တဲ့အခါမှာ ထည့်သုံးကြပါတယ်။ တချို့ကတော့ သစ်ကြံပိုးခေါက်ကြောင့် ဓာတ်မတည့်တာ၊ အသားလောင်တာမျိုးတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ အခုလိုဖြစ်ရတာက သစ်ကြံပိုးခေါက်ကို အလွန်အကျွံသုံးစွဲမိတဲ့အတွက်ကြောင့် အသားရေနီးမြန်းယားယံတာ၊ အနီကွက်ပေါ်တာတွေဖြစ်လာရတာပါ။

သကြား

သကြားကို နှုတ်ခမ်းသားပေါင်းတင်ဖို့အတွက် အသုံးပြုကြပါတယ်။ အသားရေကို Scrub လုပ်ဖို့အတွက် သကြားကို အများကြီးအသုံးပြုမယ်ဆိုရင် အသားရေမှာ ပွန်းရှကြမ်းတမ်းတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။ ဒဏ်ရာအသေးစားတွေဖြစ်လာနိုင်ပြီး အသားရေမှာ အညစ်အကြေးတွေ ကပ်ညှိလာနိုင်စေပါတယ်။

သံပရိုရည်

သံပရိုရည်က ဗီတာမင်စီနဲ့ အန်တီအောက်စီဒန့်ဂုဏ်သတ္တိတွေ ပြည့်ဝပါတယ်။ ဒါကြောင့် မျက်နှာက အသားရေကို ထိန်းသိမ်းတဲ့အခါ သံပရိုရည်ကို ပိုသုံးဖြစ်ကြပါတယ်။ တကယ်တော့ သံပရိုရည်အသုံးများမယ်ဆိုရင် အသားရေ နေလောင်သလို အသားရေမဲညစ်တာ၊ အပူလောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

ကျန်းမာရေးအခြေအနေအမျိုးမျိုးကြောင့် မုန့်ဖုတ်ဆိုဒါနဲ့ ခြေထောက်ရေစိမ်တာမျိုးတွေပြုလုပ်ကြပါတယ်။။ သွေးလည်ပတ်မှုအားကောင်းအောင်၊ နာကျင်မှုတွေ သက်သာသွားအောင် မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ မုန့်ဖုတ်ဆိုဒါအသုံးများရင် အယ်လကာလီသတ္တိလွန်ကဲမှု (alkaline) ဖြစ်စေပြီး အသားရေကို ယားယံလာစေနိုင်ပါတယ်။

Ref: What Happens if You Overuse Natural Ingredients in Your Beauty Routine
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top