နှုတ်ခမ်းနီဆိုးချိန် မမေ့သင့်တဲ့ အရေးကြီးတဲ့အချက်များ

lady-putting-lipstick-closeup-P4WGW7S.jpg

သက်တမ်းကုန်နေသော နှုတ်ခမ်းနီ အသုံးပြုခြင်းကို ချက်ချင်းရပ်ပစ်ပါ။ နှုတ်ခမ်းနီ မဆိုးခင် နှုတ်ခမ်းနီတွင် ဖယောင်းနံ့ သို့မဟုတ် ရေနံဆီအနံ့များ ရှိမရှိ အနံ့ခံကြည့်ပါ။ ထိုအနံ့ တစ်ခုခုရနေလျှင် ၎င်းနှုတ်ခမ်းနီ အသုံးပြုခြင်းအား ရပ်တန့်ပစ်သင့်ပါသည်။

နှုတ်ခမ်းနီလေးများကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပေမယ့် နာရီအနည်းငယ်ကြာတဲ့အချိန်မှာ နှုတ်ခမ်းနီရောင်လေးများဟာ ပျက်ပြယ်သွားတတ်ကြပါတယ်။ နာမည်ကြီး ပေါ်ပြူလာ brand တွေထဲက တစ်နေကုန် ကြာရှည်ခံတဲ့ နှုတ်ခမ်းနီတွေကို ဝယ်ယူအသုံးပြု လာကြပါတယ်။ ဒီလိုမှ အဆင်မပြေသေးရင်လည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ နှုတ်ခမ်းနီ အသုံးပြုခြင်း နည်းလမ်းတွေကို ရှာဖွေလာတတ်ကြပြန်ပါတယ်။

ဒီပြဿနာအတွက် မှန်ကန်တိကျတဲ့ အဖြေတစ်ခုရဖို့ ကြိုးပမ်းတတ်ကြပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီဆိုးခြင်းဟာ ကိုယ်စိတ်ညစ်ရတဲ့ အရာတစ်ခု မဖြစ်စေဖို့ လမ်းညွှန်ချက်လေးတွေ ပြပေးလိုက်ပါတယ်။ ဒီလုပ်ဆောင်ရလွယ်ကူတဲ့ လမ်းညွှန်ချက်လေးနဲ့ ကိုယ် အကြိုက်နှစ်သက်ဆုံး နှုတ်ခမ်းနီလေးကို ဆိုးတဲ့အချိန်တိုင်း အဆင်ပြေ အထောက်အကူပြုတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

မျက်နှာ၊ လက်များနှင့် ခြေထောက်များသည် ရေဓာတ် လိုအပ်သလို နှုတ်ခမ်းလေးများကိုလည်း ရေဓာတ်ဖြည့် ပေးဖို့ လိုအပ်ပါတယ်။ နူးညံ့ ချောမွေ့တဲ့ နှုတ်ခမ်းလေးများ ရရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များကို အနည်းဆုံး တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

  • နှုတ်ခမ်းများအပေါ် ရေအေးအေးလေး ပက်ဖျန်း၍ နူးညံ့တဲ့ အဝတ်စနဲ့ ခြောက်အောင် သုတ်ပေးပါ။
  • နှုတ်ခမ်းများအတွက် သီးသန့် ထုတ်လုပ်ထားသည့် sugar scrub လေးအားလက်ဖျားနှင့် ယူ၍ နှုတ်ခမ်းအနှံ့ သုတ်လိမ်းပေးပါ။
  • သန့်ရှင်း၍ အသုံးမပြုရသေးသော သွားတိုက်တံ တစ်ချောင်းနှင့် တစ်မိနစ်ခန့် နှုတ်ခမ်းများပေါ်တွင် အဝိုင်းပုံသဏ္ဍာန် ညင်သာစွာ နှိပ်နယ်ပေးပါ။
  • ရေစွတ်ထားသော အဝတ်စနှင့် နှုတ်ခမ်းများအား သုတ်ပေးပြီး ရေဓာတ်ဖြည့်တင်းပေးသော Lip mask အနည်းငယ်အား ယူလိုက်ပါ။
  • Lip Mask လေးအား နှုတ်ခမ်းများပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။
  • အနည်းဆုံး ၃ – ၄ မိနစ်ခန့် ထားထားပြီး နောက်တစ်ကြိမ် အဝတ်စိုနှင့် သုတ်ပေးပါ။
  • နောက်ဆုံးတွင် Lip balm ကို နှုတ်ခမ်းများပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

Ref : Knowledge : 7 Important Tips to Remember While Applying Lipstick

HtetHtet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top