ကြက်သွန်နီရဲ့ လူသိနည်းတဲ့ကောင်းကျိုးတွေ

18-2-2022-yyl10.jpg

ဟင်းသီးဟင်းရွက်အမျိုးအစားတိုင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပေမဲ့ အဲဒီထဲက ကြက်သွန်နီလို တချို့အရာတွေက အရမ်းထူးခြားပါတယ်။ ကြက်သွန်နီက နှလုံး၊ အရိုးနဲ့ အူမကြီးကျန်းမာရေးတွေကို အကူအညီပေးနိုင်တယ်ဆိုတာ သိထားကြပါတယ်။ ဒါပေမဲ့ အဲဒါထက်ပိုများတဲ့ ကောင်းကျိုးတွေရှိပါသေးတယ်။ ဒါပေမဲ့ သင်က ကြက်သွန်နီနဲ့ ဓာတ်မတည့်ရင်တော့ ဆရာဝန်ပြကြည့်ဖို့ အကြံပြုပါရစေ။ နေ့တိုင်း ကြက်သွန်နီ စားသုံးမယ်ဆိုရင် အောက်မှာမျှဝေပေးထားတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

မျိုးအောင်နိုင်စွမ်းအားတိုးစေတယ်

ဟိုအရင်တုန်းက အမျိုးသားတွေမျိုးမအောင်နိုင်တာကို စစ်ဆေးမှုတွေ၊ ခွဲစိတ်မှုတွေ၊ စမ်းသပ်မှုများစွာတို့နဲ့ ကုသခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ကြက်သွန်နီကို ဖျော်ရည်လုပ်သောက်တာက မျိုးမပွားနိုင်တဲ့ အမျိုးသားတွေအတွက် အကူအညီဖြစ်စေနိုင်တဘ်လို့ သိရပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ များပြားလှတဲ့ ဆန့်ကျင်ဓာတ်တိုးတွေကို အသုံးပြုတာက မျိုးအောင်နိုင်စွမ်းအားတိုးလာစေနိုင်တယ်လို့ ဆိုပါတယ်။

နှာခေါင်းလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကူညီပေးနိုင်တယ်

နှာခေါင်းသွေးလျှံတဲ့ဖြစ်စဉ်ကို ရပ်တန့်ဖို့နဲ့ နှေးကွေးသွားဖို့ အကောင်းဆုံးနည်းက ကြက်သွန်နီကို အသုံးပြုတာပါပဲ။ ရိုးရိုးရှင်းရှင်းပါပဲ။ ကြက်သွန်နီတစ်လုံးကို တစ်ဝက်ခြမ်းပြီး နှာခေါင်းပေါက်နားထားကာ ကြက်သွန်နီရှုပေးပါ။ ကြက်သွန်နီက နှာခေါင်းတွင်းရှိ လမ်းကြောင်းကို သွေးလျှံခြင်းနှေးသွားစေတဲ့ ဗီတာမင်စီနဲ့ Bioflavonoids တွေ ပါဝင်ပါတယ်။ နှာခေါင်းပိတ်တဲ့အခါမျိုးမှာလည်း ကြက်သွန်နီကို အသုံးပြုပေးလို့ရပါတယ်။ ကြက်သွန်နီက နှာခေါင်းလမ်းကြောင်းကို ပြေလျော့စေပြီး အသက်ရှုရတာပိုလွယ်ကူစေအောင် လုပ်ဆောင်ပေးပါတယ်။

စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးတယ်

ကြက်သွန်နီက ဗီတာမင် B9 ပါဝင်ပြီး ဒီဗီတာမင်က စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးပြီး Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို ခြေဖျက်ခြင်းအားဖြင့် စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။ ဒီအမိုင်နိုအက်ဆစ်က သင့်ခန္ဓာကိုယ်ကို ခံစားချက်ကောင်းစေတဲ့ဟော်မုန်းတွေမဖြစ်စေပါဘူး။ ဒါကြောင့် ကြက်သွန်နီက အဲဒါကို ခြေဖျက်ပေးပြီး သင့်ဉီးနှောက်ကို အာဟာရဓာတ်တွေ လုံလုံလောက်လောက်ရစေအောင် ကူညီပေးပါတယ်။

ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားတာက သွားယိုယွင်းပျက်စီးခြင်းကို ကူညီပေးတယ်

ကြက်သွန်နီက သင့်ခန္ဓာကိုယ်တွင်း ရောဂါတွေကို ကာကွယ်ပေးနိုင်သလို သင့်ရဲ့ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရှိပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားတာက သွားကို သန်မာစေသလို ခံတွင်းထဲက ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားတာက သွားယိုယွင်းပျက်စီးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးရောဂါကို ကာကွယ်ပေးတယ်

ကျန်းမာရေးကျွမ်းကျင်ပညာရှင် Luke Coutinho ရဲ့ပြောစကားအရ ကြက်သွန်နီက အအေးမိ၊ ချောင်းဆိုးတာ၊ ဖျားနာတာ၊ လည်ချောင်းနာတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကြက်သွန်နီကို ပါးပါးလေးတွေလှီးပြီး သောက်ရေထဲ (၆နာရီ-၈နာရီလောက်) စိမ်ထားပါ။ ကြက်သွန်နီစိမ်ထားတဲ့အရည်ကို တစ်နေ့ကို (၃) ကြိမ်လောက် လက်ဖက်ရည်ဇွန်း (၃-၄) ဇွန်း သောက်ပေးပါ။

နားကိုက်တာကို ကူညီပေးတယ်

ကျွန်တော်တို့ရဲ့နားက ခန္ဓာကိုယ်ရဲ့အထိခိုက်မခံနိုင်ဆုံးအစိတ်အပို်ငးတွေထဲကတစ်ခုပါ။ အကြောင်းအရင်းအမျိုးမျိုးကြောင့် နားကိုက်တတ်ပါတယ်။ တချို့ဆရာဝန်တွေက နာကိုက်သက်သာဖို့အတွက် နားသန့်ဆေးရည်အသုံးပြုဖို့ အကြံပြုကြပါတယ်။ အပူပေးထားတဲ့ကြက်သွန်နီကလည်း နားကိုက်တာသက်သာအောင် ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီတစ်လုံးကို ပျော့အိသွားတဲ့အထိ ရေထဲထည့်တည့်လိုက်ပါ။ အဝတ်စထဲထည့်ပြီး နားပေါ်တင်ထားလိုက်ရုံပါပဲ။

Ref: Brightside “What May Happen to You If You Eat Onions Every Day”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top