အာဟာရဓာတ်ကြွယ်ဝတဲ့ ရာသီစာအသီးနဲ့ဟင်းသီးဟင်းရွက်တွေ

18-2-2022-yyl02.jpg

ပူပြင်းလှတဲ့ နွေရာသီရောက်လာပြီဆိုတော့ ရာသီအပြောင်းအလဲကြောင့် ဖျားနာတာတွေမဖြစ်အောင် ဂရုစိုက်ဖို့လိုလာပါပြီ။ အိုမီခရွန်ရောဂါလက္ခဏာကလည်း ရာသီအပြောင်းအလဲကြောင့် ဖျားနာတာမျိုးနဲ့ ဆင်တူတဲ့အတွက် အိုမီခရွန်လား။ ရာသီအပြောင်းအလဲကြောင့် ဖျားနာတာလားဆိုပြီး ဝေခွဲရခက်စေပါလိမ့်မယ်။ ဒါကြောင့် ဖျားနာတာတွေမဖြစ်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ပေးတာအကောင်းဆုံးပါပဲ။ နွေရာသီဆိုတော့ ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးသလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ရာသီစာအသီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားပေးသင့်ပါတယ်။

ရာသီစာအသီးနဲ့ ဟင်းသီးဟင်းရွက်တွေက Phytonutrients နဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝပါတယ်။ အဲဒါတွေက သူ့ရာသီချိန်မှ အချိန်မှန်စိုက်ပျိုးရိတ်သိမ်းရတာဖြစ်တဲ့အတွက် ရာသီမဟုတ် စိုက်ပျိုးထားတဲ့အသီးနဲ့ဟင်းသီးဟင်းရွက်ထက် အာဟာရကြွယ်ဝပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အပြင် လတ်ဆက်ပြီး အရသာလည်းပိုရှိပါတယ်။

ဖရဲသီး

မတ်လဆိုရင် ဖရဲသီးတွေက ဈေးကွက်တဲ့စတင်ရောက်ရှိလာပါပြီ။ ရာသီချိန်မဟုတ်ဘဲ ပေါ်တဲ့ ဖရဲသီးတွေကတော့ ရာသီချိန်မှ ပေါ်တဲ့ ဖရဲသီးလောက် အရသာမရှိပါဘူး။ အခုက အသီးတွေ ဓာတုဆေးမသုံးဘဲ သဘာဝအလျောက် မှည့်လာတဲ့ ရာသီဖြစ်တာကြောင့် အာဟာရဓာတ်ကြွယ်ဝပါတယ်။

ဒေါက်ခွရွက် (ဟင်းနုနွယ်)

အခုရာသီမှာ ဒေါက်ခွရွက် (ဟင်းနုနွယ်)ကိုလည်း ဈေးတွေမှာ ဝယ်ယူကြော်ချက်စားလို့ရနိုင်ပါတယ်။ ဒေါက်ခွရွက် (၁၀၀ ဂရမ်) က ကယ်လိုရီ ၂၃ ပါဝင်ပါတယ်။

မုန်လာဉနီ

မုန်လာဉနီက ရာသီချိန်မဟုတ်တောင် ဈေးတွေမှာ ဝယ်လို့ရနေတုန်းပါပဲ။ ဒီအာဟာရကြွယ်ဝတဲ့ အမြစ်တွယ်ဟင်းသီးဟင်းရွက်က ဗီတာမင် စီ၊ ဘီ၊ ဆိုဒီယမ်နဲ့ ပိုတတ်စီယမ်ဓာတ်တွေ ကြွယ်ဝတာကြောင့် ဖျော်ရည်လုပ်သောက်တာပဲဖြစ်ဖြစ် အခြားအရွက်တွေနဲ့ ရောကြော်တာပဲဖြစ်ဖြစ် သုပ်စားတာပဲဖြစ်ဖြစ် အကုန်လုပ်စားလို့ရပါတယ်။

ကင်းမုံသီး

ခါးသက်သက်အရသာရှိတဲ့ ကင်းမုံသီးကလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ရာသီစာဟင်းသီးဟင်းရွက်ပါပဲ။ ကင်းမုံသီးမှာ ပရိုတင်းဓာတ် ၂.၅ ဂရမ် ပါဝင်ပါတယ်။ ကင်းမုံသီးတစ်ခွက်မှာ ကယ်လိုရီ ၁၅ ပါဝင်တဲ့အတွက် ကယ်လိုရီနည်းတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

သရက်သီးစိမ်း

အခုအချိန်ကတော့ သရက်သီးက မှည့်သေးမှာမဟုတ်ပါဘူး။ တချို့သရက်ပင်တွေက အသီး သီးတုန်းဖြစ်ပြီး တချို့ကတော့ သရက်သီးစိမ်းစားလို့ရအောင် သီးနေပါပြီ။ သရက်သီးစိမ်းကလည်း ရာသီချိန်မှာ စားပေးသင့်ပါတယ်။ သရက်သီးစိမ်းက ဗီတာမင် အေနဲ့ အီးဓာတ်တွေ ကြွယ်ဝပါတယ်။

သခွားမွှေး

သခွားမွှေးက ကိုယ်ခံစွမ်းအား၊ အမြင်အာရုံနဲ့ ဆံပင်သန်စွမ်းမှုကို မြှင့်တင်ပေးနိုင်တယ်လို့ သိထားကြပါတယ်။ သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်တဲ့အတွက် သခွားမွှေးကိုလည်း သင့်ကျန်းမာရေးအတွက် စားပေးသင့်ပါတယ်။

Ref: Seasonal Fruits and Vegetables that are good for you

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top