ဆန္ဒပြသူတွေ ဆောင်သင့်တဲ့၊ သိထားသင့်တဲ့အရာများ

9-2-2021-yyl-34.jpg

မျက်ရည်ယိုဓာတ်ငွေ့ထိရင် ဘာလုပ်မလဲ

  • မျက်နှာကို ခရင်မ် ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေ မလိမ်းပါနဲ့။ မျက်ရည်ယိုဓာတ်ငွေ့ သုံးရင် ဓာတုပစ္စည်းတွေကို ဆေးကြောဖို့ ပိုခက်ခဲပါတယ်။ မျက်ရည်ယိုဓာတ်ငွေ့ ထိရင် ဆေးကြောပစ်နိုင်အောင် ရေဘူး ဆောင်ထားပါ။ ( ဖြစ်နိုင်ရင် ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ်ပါ)။ မုန့်ဖုတ်ဆိုဒါ လက်ဘက်ရည်ဇွန်း ၄ ဇွန်းကို ရေတစ်လီတာနဲ့ သမအောင် ဖျော်ပြီး ဆေးကြောပစ်ရင် အချိန်တိုအတွင်း သက်သာပါတယ်။ မျက်ရည်ယိုဓာတ်ငွေ့ထိခဲ့ရင် အဝတ်အစားတွေ လဲပြီး (တတ်နိုင်သမျှ အမြန်ဆုံး) ရေချိုးပါ။ ရေချိုးရင် ရေပူနဲ့ မချိုးပါနဲ့။ ရေအေးနဲ့ ချိုးပါ။

ရော်ဘာကျည်အန္တရာယ် ကာကွယ်ဖို့

  • ရော်ဘာကျည် အသုံးပြုလာရင် ဦးခေါင်းအကာအကွယ်ဖြစ်နိုင်အောင် စက်ဘီး၊ ဆိုင်ကယ် ဦးထုပ်ဆောင်းပါ။

အပူဒဏ်ခံနိုင်ပြီး ခရီးဝေးလမ်းလျှောက်နိုင်ဖို့

  • နေပူထဲမှာ ချီတက်လမ်းလျှောက်ရတဲ့အခါ သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးပဲ စီးပါ။ အပူဒဏ်စုပ်ယူမှုနည်းတဲ့ အရောင်ဖျော့ဖျော့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ ဦးထုပ်ဆောင်းပါ။ ချွေးထွက်များရင် နုံးနိုင်လို့ ဓာတ်ဆားရည်သောက်ပါ။ နှာခေါင်းစည်း အပို တစ်ခု၊ ၂ ခု ဆောင်ပါ။
  • ကျောပိုးအိတ် ဆောင်ထားပါ။ အဆာပြေမုန့်၊ ရေဘူး၊ တာဝါ၊ ဒဏ်ကြေလိမ်းဆေး၊ ပတ်တီး၊ ထိခိုက်အနာတရဖြစ်ရင် ထည့်နိုင်အောင် ဘီတာဒိုင်းလို ဆေးဘူးတွေ ဆောင်ပါ။ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကာကွယ်နိုင်ဖို့ လက်သန့်ဆေးရည်ဆောင်ပါ။

ရေဖျန်းကားတွေနဲ့ကြုံရင် ဘာလုပ်သင့်လဲ

  • ရေဖျန်းကားတွေ အသုံးပြုလာရင် ကာကွယ်နိုင်အောင် ထီးဆောင်ပါ။ ရေဖျန်းကားတွေက တစ်စက္ကန့်ကို ရေ ၂၀ လီတာထွက်ပြီး ပေ ၂၀၀ ကျော်အထိ ရေဖျန်းနိုင်ပါတယ်။ ရေအားကြောင့် ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်နိုင်တဲ့အတွက် ရေဖျန်းကားတွေသုံးလာရင် ထီးနဲ့ကာကွယ်ရမှာပါ။

Ref: Lifehacker and Wired

Photo Credit – Sky News

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top