နေရောင်ခြည်ဒဏ်ကို ကောင်းကောင်းကာကွယ်ပေးနိုင်မဲ့ Sunscreen ကို ရွေးချယ်ပါ

10-3-2020-yyl049.jpg

ပူပြင်းလှတဲ့နွေရာသီမှာ နေပူချိန်အရမ်း ပြင်းလွန်းတာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ခံစားရနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လုပ်ကြရတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မျိုးမှာ သင့်အသားရေကို ဦးထုပ်တို့၊ ထီးတို့နဲ့ ကာကွယ်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒါတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့ခရင်မ်ကို လိမ်းပေးဖို့လည်းလိုပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့ Sunscreen တွေက မားကတ်တော်တော်များများမှာ အလွယ်တကူရနိုင်ပေမဲ့ အကောင်းဆုံးတစ်ခုကို ရွေးချယ်ဖို့တော့ ခက်ခဲနိုင်ပါတယ်။ ဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူးနော်။ Sunscreen ဘယ်လိုရွေးချယ်ရမယ်ဆိုတာကို အရေပြားကျွမ်းကျင်ပညာရှင်က ပြောပြပေးထားပါတယ်။

ဘယ်လိုမျိုး Suncreen ကို ရွေးချယ်ရမလဲ

အရေပြားရောဂါကုဆရာဝန်တစ်ဦးက သင့်အတွက် Sunscreen ဘယ်တစ်ခုက ကောင်းလဲဆိုတာ မဆုံးဖြတ်ခင် အရင်ဆုံး လေ့လာကြည့်သင့်တယ်လို့ ဆိုပါတယ်။ SPF 30 ကျော်တဲ့ ဘယ်လို Sunscreen မျိုးပဲဖြစ်ဖြစ် နေရောင်ခြည် ကာကွယ်တဲ့အတွက် ကောင်းပါတယ်။ UVA နဲ့ UVB နှစ်ခုလုံး ကာကွယ်တဲ့Sunscreen ကို ရှာကြည့်ပါ။ အမဲစက်မဖြစ်စေမယ့်၊ ဝက်ခြံမပေါက်စေမယ့်၊ ယားယံမှုလည်းမဖြစ်စေမယ့် Oil free ဖြစ်တဲ့ Sunscreen ကိုရွေးချယ်သင့်ပါတယ်။ ဒါက အရေပြားရောဂါဆရာဝန် စမ်းသပ်ထားတာဖြစ်ပါတယ်။ PABA မပါတဲ့ Sunscreen က အသားရေ အမျိုးအစားအားလုံးနဲ့ ကိုက်ညီတဲ့အပြင် ရေစိုခံတယ်လို့ ဆိုပါတယ်။

အကောင်းရလဒ်ရဖို့အတွက် (၂) နာရီတစ်ခါ Sunscreen ကို လိမ်းပေးပါ

လူအများစုက နေပူထဲမထွက်ခင်မှာ sunscreen ကို လိမ်းကြပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး အပြင်မှာ ထွက်နေမယ်ဆိုရင် Sunscreen ကို တစ်ခါတည်းမဟုတ်ဘဲ ပြန်ပြန်လိမ်းပေးဖို့လိုပါတယ်။ နှစ်နာရီ တစ်ခါ လိမ်းပေးသင့်ပြီး သင်က ရေကူးကန်ထဲဆင်းမယ်ဆိုရင်၊ ချွေးထွက်တတ်တယ်ဆိုရင် ပိုပြီးလိမ်းပေးသင့်တယ်လို့ အကြံပြုထားပါတယ်။ ချွေးထွက်ရင်ပဲဖြစ်ဖြစ် ခြောက်သွားအောင် သုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ Sunscreen တို့ မရှိဖြစ်သွားနိုင်တာကြောင့် အပြင်ထွက်ရင် ပြန်ပြန်ပြီး လိမ်းပေးရမှာဖြစ်ပါတယ်။

Ref: Choose the right sunscreen for your body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top