အပြင်လက်တွေ့ဘဝက မိန်းကလေးကိုယ်တိုင် ဇာတ်ညွှန်းပါဝင်ရေးသားထားတဲ့ ယောက္ခမနဲ့ သမက်ဖောက်ပြန်မှုဖြစ်ရပ်မှန်ရုပ်ရှင် Norma

norma.png

လက်ရှိ လူကြိုက်များနေတဲ့ အင်ဒိုနီးရှားရုပ်ရှင် Norma: Antara Mertua Dan Menantu (Norma Between Mother-in-law and Son-in-law) ဟာဆိုရင် ဩဂုတ်လ ၁၄ ရက်နေ့က Netflix မှာ စတင်ပြသပြီးနောက် Netflix ဇယားမှာ တဖြည်းဖြည်းမြင့်တက်လာလိုနေပါတယ်။ 

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံသွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ ဒီရုပ်ရှင်က နော်မာ ရစ်မာဆိုတဲ့ အမျိုးသမီးနဲ့ သူ့ခင်ပွန်း အာဖန် ဝါဟာနာအကြောင်း၊ သူ့ခင်ပွန်းဖြစ်သူနဲ့ သူ့မိခင်အရင်းတို ဖောက်ပြန်တဲ့အကြောင်းရိုက်ကူးထားတာပါ။ 

အစပိုင်းမှာ ခင်ပွန်းဖြစ်သူက မိသားစုနဲ့ ရင်းရင်းနီးနီးနေတတ်ပြီး သူ့အပေါ်လည်း အချစ်တွေအပြည့်နဲ့ ချစ်ခင်စောင့်ရှောက်ပေးခဲ့တာကြောင့် နော်မာတိုရဲ့အိမ်ထောင်ရေးက ပြီးပြည့်စုံကာ ပျော်ရွှင်နေခဲ့တာပါ။ အဲ့ဒါတွေရဲ့နောက်ကွယ်မှာ လျှိဝှက်ချက်ရှိနေခဲ့ပါတယ်။ အာဖန်က နော်မာရဲ့အမေအရင်း ရီနာနဲ့ ဖောက်ပြန်နေခဲ့တာပါ။ အဲ့ဒီဖောက်ပြန်မှုကြီးက နော်မာရဲ့အိမ်ထောင်ရေးကို စုတ်ပြတ်သွားစေခဲ့တဲ့အပြင် သူ့အဖေ အက်ဒူရဲ့ဘဝကိုပါ တုန်လှုပ်သွားစေခဲ့ပါတယ်။ 

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို နော်မာ ရစ်မာကိုယ်တိုင် သူ့ရဲ့ TikTok အကောင့်ကနေ ပြောပြခဲ့တာပါ။ ဒီဇာတ်လမ်းအကြောင်း လူစိတ်ဝင်စားလာမှုများလာပြီးတဲ့နောက်မှာ ရုပ်ရှင်ထုတ်လုပ်ရေး Dee Company က ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးခဲ့ပြီး မတ်လ ၃၁ ရက်နေ့က အင်ဒိုနီးရှားမှာ ရုံတင်ပြသခဲ့ပါတယ်။ 

လက်တွေ့ဘဝက နော်မာကိုယ်တိုင် စာရေးဆရာ အိုကာ အော်ရိုရာနဲ့အတူ ဇာတ်ညွှန်းရေးသားမှုမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ လူကြိုက်များဆုံးဇာတ်ကားဖြစ်နေပါတယ်။ 

Ref: What to know about Norma, the hit Indonesian movie about an affair between a man and his mother-in-law

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top