ကိုရိုနာဗိုင်းရပ်စ်က အချိန်ကြာကြီးရှိနေဦးမှာ ဖြစ်တယ်လို့WHO သတိပေး

23-4-2020-yyl-006.jpg

အခုလက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေဟာ ဗိုင်းရပ်စ်တိုက်ဖျက်နေတာ အစပဲရှိနေသေးတဲ့ နိုင်ငံတော်တော်များများ ရှိနေသေးတဲ့အတွက် မကြာခင်အဆုံးသတ်ဦးမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ တချို့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်နေပေမဲ့ အာဖရိကနဲ့ အမေရိကတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်နေရတုန်းပဲလို့ WHO က ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် Social distancing နဲ့ lockdown လုပ်ဆောင်ချက်တွေကို ရုန်းကန်ရင်ဆိုင်နေကြရပါတယ်။ တချို့နိုင်ငံတွေကတော့ လူတော်တော်များများ အလုပ်လက်မဲ့ဖြစ်နေတဲ့အတွက် နည်းလမ်းရှာဖို့နဲ့ ကူးစက်ခံရမှုနှုန်းနည်းသွားတဲ့အတွက် တားဆီးပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်းဖယ်ရှားနေပါပြီ။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဒီကပ်ရောဂါကြီးပြီးဖို့ ဝေးသေးတယ်လို့ အသိပေးခဲ့ပါတယ်။

“နိုင်ငံအများစုက ကူးစက်ခံရမှုအစပဲရှိနေသေးပါတယ်။ တချို့ကတော့ စောစောကူးစက်ခံခဲ့ရပြီး အခုဆိုရင် ပြန်လည်ကောင်းမွန်လာနေပါပြီ။ အမှားတွေမလုပ်ပါနဲ့။ ကျွန်တော်တို့ ခရီးရှည်ကြီးလျှောက်ရဦးမှာပါ။ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့နဲ့ အချိန်အကြာကြီးရှိနေမှာပါ”လို့ Tedros က ပြောခဲ့ပါတယ်။ သူက အနောက်ဥရောပမှာ ကူးစက်ခံရမှုတွေ လျော့နည်းနေပါတယ်လို့လည်း ပြောခဲ့ပါတယ်။ “ကူးစက်ခံရမှုအရေအတွက် နည်းသွားပေမဲ့ အာဖရိက၊တောင်အမေရိက၊ ဥရောပအရှေ့ပိုင်းတွေမှာ မြင့်တတ်နေတဲ့အတွက် စိုးရိမ်နေရပါတယ်”လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တရုတ်မှာ ကူးစက်ရောဂါဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ခဲ့ပြီးကတည်းက ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ(၂.၅) သန်းကျော်နဲ့ သေဆုံးသူ (၁၈၀,၀၀၀) ရှိနေပါပြီ။ အခုလက်ရှိ တရုတ်မှာတော့ သေဆုံးသူဦးရေ ထပ်တိုးလာခြင်းမရှိသေးပါဘူး။ တစ်ကမ္ဘာလုံးမှာ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ (၈၄၉,၀၉၂) ဦး နဲ့ သေဆုံးသူ (၄၇,၆၈၁) ဦးရှိနေတဲ့အတွက် အသေအလဲတိုက်ခိုက်ခံရဆုံးနိုင်ငံဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး၊ ကုသဆေးရတဲ့အချိန်ထိ Lockdown ဆက်လက်ရှိသင့်တယ်လို့ WHO နဲ့ အခြားကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref: WHO warns ‘long way to go’ as world death toll passes 180,000

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top