မျိုးသုန်းမယ့်အန္တရာယ်ရှိနေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင် မွေးဖွားနိုင်ခဲ့

29.11.23-yyl-4.jpg

မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ် ဆိုးဆိုးရွားရွား ကြုံတွေ့နေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ဆူမားတြားကြံ့မျိုးစိတ် အကောင် ၅၀ ထက် နည်းပါးနေပြီး အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာပဲ တွေ့ရတော့တာပါ။

ပြီးခဲ့တဲ့စနေနေ့က လမ်ဖန်းပြည်နယ် Way Kambas အမျိုးသားဥယျာဉ်ထဲမှာ ကျက်စားတဲ့ ဆူမားတြားကြံ့မကြီး ဒေလီလာက ခန္ဓာကိုယ်အလေးချိန် ၅၅ ပေါင်ရှိတဲ့ ကြံ့သားပေါက်လေးကို မွေးဖွားခဲ့တာပါ။ ဒါဟာ ၂၀၂၃ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ဆူမားတြား ကြံ့မျိုးစိတ်တစ်ကောင် ဒုတိယအကြိမ် သားပေါက်မှု ဖြစ်ပါတယ်။

ကြံ့မိခင်နဲ့ ကြံ့သားပေါက်လေး ၂ ကောင်လုံး ကျန်းကျန်းမာမာ ရှိပြီး ကြံ့သားပေါက်လေးကတော့ မွေးပြီး သိပ်မကြာခင်မှာပဲ လမ်းထလျှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: A Critically Endangered Sumatran Rhino Successfully Gives Birth In Indonesia

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top