အိမ်ဖြူတော်မှာ ကွန်မန်ဒါ အမည်ရတဲ့ ခွေးပေါက်လေးကို မွေးထားပြန်တဲ့ သမ္မတဂျိုးဘိုင်ဒင်

commander0.png

ဒီဇင်ဘာ ၂၀ ရက်နေ့က သမ္မတအိမ်ဖြူတော်က ကွန်မန်ဒါ (Commander) လို့အမည်ရတဲ့ မိသားစုဝင်အသစ်အကြောင်း တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ သမ္မတဂျိုး ဘိုင်ဒင်နဲ့ သမ္မတကတော် ဂျီးလ် ဘိုင်ဒင်တို့ဟာ ကွန်မန်ဒါဆိုတဲ့ ခွေးပေါက်လေးအသစ်ကို ထပ်ပြီးမွေးလိုက်တာပါ။ ဇန်နဝါရီလကျရင် ကြောင်တစ်ကောင်မွေးဉီးမှာဖြစ်တယ်လို့လည်း အိမ်ဖြူတော်က CBS News သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

သမ္မတ ဂျိုး ဘိုင်ဒင်ရဲ့အကောင့်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာလည်း သမ္မတက ခွေးပေါက်လေးကို သူ့ဇနီးနဲ့အတူ ကြိုဆိုနေပါတယ်။ ဗီဒီယိုထဲ အိမ်ဖြူတော်မှာ ပြန်ပတ်နေတဲ့ ခွေးပေါက်လေးလည်း ပါဝင်တဲ့အပြင် “အိမ်ကနေ ကြိုဆိုပါတယ်…ကွန်မန်ဒါ” လို့လည်း ကပ်ရှင်ရေးသားထားပါတယ်။ ကွန်မန်ဒါဟာ စက်တင်ဘာလမှာ မွေးဖွားခဲ့တဲ့ ဂျာမန်သိုးထိန်းခွေးလေးတစ်ကောင်ပါ။ ဒီခွေးမလေးကို သမ္မတကြီးရဲ့အစ်ကိုနဲ့မရီးဆီကနေ လက်ဆောင်အဖြစ် ရခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော်ကို မေဂျာရောက်လာပြီးတဲ့နောက် တစ်စုံတစ်ယောက်ကို ကိုက်တဲ့ မတော်တဆဖြစ်ရပ်တွေ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က သမ္မတကြီးတို့ဟာ ဂျာမန်သိုးထိန်းခွေးဖြစ်တဲ့ မေဂျာကို Delaware Humane Association ကနေတဆင့် မွေးစားခဲ့တာပါ။

မေဂျာနဲ့ပတ်သက်ပြီး ခွေးထိန်းကျောင်းတဲ့သူတွေ၊ တိရစ္ဆာန်အမူအကျင့်ပညာရှင်တွေ တိရစ္ဆာန်ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာ သမ္မတကြီးနဲ့ သမ္မတကတော်တို့က မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ ပိုမိုဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တာ မေဂျာအတွက် အန္တရာယ်အကင်းဆုံးဖြစ်တယ်ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့စုပေါင်းအကြုံပြချက်ကို လိုက်နာဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိသားစုဝင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ လတော်တော်ကြာစေ့စေ့စပ်စပ်ဆွေးနွေးပြီးတဲ့နောက် နောက်ထပ်ခွေးတစ်ကောင်မွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

သမ္မတကြီးရဲ့ အခြားခွေးတစ်ကောင်ဖြစ်တဲ့ ၁၃ နှစ် အရွယ် ချန်ပ် ကလည်း ဇွန်လမှာ သေဆုံးသွားခဲ့တာပါ။ “ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း ကျွန်တော်တို့ အမြဲချစ်မြတ်နိုးခဲ့ရတဲ့ အဖော်ဖြစ်ခဲ့ပြီး ဘိုင်ဒင်မိသားစုတစ်ခုလုံးရဲ့ချစ်ခင်မှုကို ခံခဲ့ရတယ်။ ချန်ပ်ရဲ့နောက်ဆုံးလတွေမှာ သူ့ရဲ့ခွန်အားတွေ ချိနဲသွားချိန်မှာတောင် ကျွန်တော်တို့ အခန်းထဲဝင်လာတဲ့အခါ ကြိုးစားပြီး သူ့ရဲ့အမြီးကို အမြဲလှုပ်ပြနေခဲ့ပြီး ကျွန်တော်တို့ကို ပွတ်သီးပွတ်သပ်လုပ်ခဲ့တယ်”လို့ ချန်ပ်သေဆုံးတဲ့အချိန် အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Ref: CBSNews “Bidens welcome new dog named Commander”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top