အာမခံကုမ္ပဏီတွေတောင် အာမခံမပေးရဲတဲ့ ဂျက်ကီချန်းနဲ့ စတန့်အဖွဲ့

2.2.2023-image-4.jpg

ပရိသတ်အချစ်တော် မင်းသားကြီးဂျက်ကီချန်းက ပရိသတ်တွေကို မညာခဲ့သူပါ။ စတန့်ပြကွက်တွေကို အစစ်အမှန် ရိုက်ကူးခဲ့လို့ သေလုမျောပါး အခြေအနေတွေ ကြုံခဲ့တယ်ဆိုတာလည်း အားလုံးအသိပါပဲ။ စတန့်ပြကွက်တွေကြောင့် ခန္ဓာကိုယ်က အရိုးပေါင်း ၂၀၀ လောက် ကျိုးခဲ့ပြီး ခွဲစိတ်မှုပေါင်းများစွာ လုပ်ခဲ့ရပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်က အာမခံကုမ္ပဏီကြီးတွေတောင် ဂျက်ကီချန်းနဲ့ စတန့်အဖွဲ့ကို အာမခံမပေးရဲလို့ လက်ရှောင်ကြပါတယ်။ သူတို့အတွက် အလျော်များပြီး အရှုံးပေါ်မှာ စိုးရိမ်လို့ပါပဲ။ ရိုက်ကူးမှာ စတန့်ပြကွက်တွေပြရင်း ထိခိုက်ဒဏ်ရာရတဲ့အခါ ဂျက်ကီချန်းကပဲ အိတ်ထဲကနေ စိုက်ထုတ်ကုန်ကျခံရပါတယ်။

တချိန်တုန်းက လေယာဉ်လက်မှတ် မဝယ်နိုင်လောက်အောင် ဆင်းရဲတဲ့ ဂျက်ကီချန်းဟာ ဒီနေ့အချိန်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ကြွယ်ဝချမ်းသာနေပြီး သူနဲ့အတူ အတွဲအဖက်ညီညီ အလုပ်လုပ်ခဲ့တဲ့ စတန့်အဖွဲ့ကိုလည်း တန်ဖိုးကြီး စိန်နာရီတွေ ဝယ်ပေးခဲ့သူပါ။

Ref: Why Movie Actor Jackie Chan and His Stunt Team Were Been Blacklisted by Insurance Companies

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top