စားဖွယ်စုံဆိုင်က ဝန်ထမ်းကို ကားဝယ်နိုင်အောင် ကူညီပေးခဲ့တဲ့ ၈ နှစ်သားလေး

3.3.2023-yyl-iamge-16.jpg

သူတို့မိသားစု သွားစားနေကျ နံနက်ခင်းစားဖွယ်စုံဆိုင်က ဝန်ထမ်းကို ကားဝယ်ပြီး သင့်တော်တဲ့နေအိမ် ရှာဖွေနိုင်အောင် ၈ နှစ်အရွယ် ကလေးငယ်က ကူညီပေးနိုင်ခဲ့ပါတယ်။

အာကန်းဆက်ပြည်နယ်မှာ နေထိုင်တဲ့ ကေဇန်ဟန်တာတို့မိသားစုဟာ ဒီဗွန်တီ အလုပ်လုပ်တဲ့ ဆိုင်မှာ ပုံမှန်သွားစားနေကျပါ။ ” ကျွန်တော်တွေ့ဖူးသမျှထဲမှာတော့ ဒီဗွန်တီက ပျော်ပျော်နေတတ်ပြီး အကောင်းမြင်တတ်သူပါ။ ကျွန်တော်တို့သွားရင်လည်း အမြဲတမ်း ပြုံးပြနှုတ်ဆက်တတ်တယ်” လို့ ကေဇန်ဟန်တာက ဆိုပါတယ်။

ဒီဗွန်တီက အလုပ်ကနေ အိမ်ကို လမ်းလျှောက် အသွား၊ အပြန် လုပ်နေရပြီး သူတို့အိမ်မှာ မှိုတွေတက်နေလို့ မိသားစုလိုက် မိုတယ်ကို ရွှေ့ပြောင်းနေနေရတာပါ။ ဒီအကြောင်း သိသွားချိန်မှာ ကေဇန်ဟန်တာက စိတ်မကောင်းဖြစ်သွားပြီး သူ့အတွက် ကားဝယ်ပေးဖို့ GoFundMe ပေ့ချ်ထောင်ပြီး အလှူငွေ ဒေါ်လာ ၅၀၀၀ ရအောင် ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အလှူငွေ ဒေါ်လာ ၅၇၀၀၀ ကျော်ရခဲ့တာဖြစ်ပါတယ်။

Ref: Boy Raises Money For Waffle House Waiter Who Walks To Work And Is Living In A Motel With His Family

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top