ချမ်းအေးတဲ့ရာသီမှာ ဆားကို လျှော့စားသင့်လား

11-1-2021-yyl-18.jpg

ဆောင်းရာသီကတော့ အစားအသောက်မျိုးစုံ စားလို့သောက်လို့အကောင်းဆုံးအချိန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်၊ အာဟာရပြည့်ဝအောင် အစားအစာကို ပိုစားပေးရပါတယ်။ ဒါပေမဲ့ စားချင်တိုင်းစားလို့တော့မရပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်အောင် ချင့်ချိန်စားပေးသင့်ပါတယ်။ ဒီလိုရာသီမျိုးမှာ လျှော့စားပေးသင့်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးရှိပါတယ်။ အဲဒါကတော့ ဆားဖြစ်ပါတယ်။ ဆောင်းရာသီအတွင်းမှာ ဆားအများကြီးစားသုံးတာက ဦးနှောက်သွေးကြောပြတ်တာ၊ လေဖြတ်တာ၊ နှလုံးအားနည်းတာလို Cardiovascular ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဆောင်းရာသီမှာ ဆားကို ဘာလို့လျှော့စားသင့်တာလဲ၊ ဘယ်လိုလျှော့စားမလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်လိုက်နော်။

ဆောင်းရာသီမှာ ဆားကို ဘာလို့လျှော့စားသင့်တာလဲ

နွေရာသီလိုမဟုတ်ဘဲ ဆောင်းရာသီမှာ ချွေးမထွက်ကြပါဘူး။ ချွေးမထွက်တာက ခန္ဓာကိုယ်အတွင်းမှာ ဆားတွေ ကျန်နေခဲ့ပြီး သွေးဖိအားများလာစေပါတယ်။ နှလုံးအားနည်းတဲ့သူတွေက ဆောင်းရာသီအတွင်းမှာ ဆားအများကြီးစားသုံးမယ်ဆိုရင် နှလုံးစွမ်းဆောင်ရည်အားနည်းလာနိုင်ခြေများပါတယ်။

ဆားစားသုံးမှုပမာဏကို ဘယ်လို့လျှော့ချမလဲ

ကြာရှည်ခံဆေးတွေသုံးပြီးထုတ်ထားတဲ့အစားအစာတွေကိုလျှော့စားပါ

ဆားစားသုံးမှုပမာဏကို လျော့ချဖို့အတွက် ပထမဆုံးနည်းကတော့ တာရှည်ခံဆေးတွေနဲ့ပြုလုပ်ထားတဲ့အစားအစာတွေကိုလျှော့စားဖို့ပါပဲ။ Cracker၊ ဆားများတဲ့ဘီစကွတ်၊ အေးခဲထားတဲ့အစားအစာနဲ့ Hot dog တို့က စားသုံးမှုပမာဏကို တစ်နေ့တာ သတ်မှတ်ထားတဲ့ ဆားပမာဏထက်ပိုများစေပါတယ်။ ဆားကို ဒီအစားအစာတွေမှာ တာရှည်ခံဖို့အတွက် အသုံးပြုထားတာဖြစ်ပါတယ်။

ထမင်းစားပွဲပေါ်မှာ ဆားဗူးရှိရင် ဖယ်ထားပါ

ထမင်းစားချိန်မှာ ဆားဗူးအလွယ်တကူယူလို့မရနိုင်အောင် စားပွဲပေါ်မှာ ထားထားတဲ့ ဆားဗူးကို ဖယ်ရှားလိုက်ပါ။ ဟင်းလျာတွေပေါ့နေရင် ဆားဗူးယူပြီး ထည့်လို့မရအောင် လုပ်ထားတာအကောင်းဆုံးပါပဲ။

ဆားအစား အခြားအရာကို အစားထိုးအသုံးပြုပါ

သင့်ဟင်းလျာထဲကို လေးတဲ့အရသာကို ထည့်ဖို့ဆိုရင် ဆားအစား အခြားဟင်းခတ်မှုန့်တွေကို ရွေးချယ်အသုံးပြုပါ။ ဆားလျှော့သုံးလိုက်လို့ အစားအစာက အရသာပျက်သွားမှာမဟုတ်ပါဘူး။

အပြင်က အစားအစာမှာစားရင် ဆားကိုလျှော့ခိုင်းပါ

အပြင်က မှာစားတဲ့အစားအစာတွေက ဆားပါဝင်မှုမြင့်မားပါတယ်။ ဆားက အစားအစာကို အရသာရှိစေပါတယ်။ ဒါကြောင့် စားဖိုမှူးတွေက ဆိုဒီယမ် (ဆား) တွေကို ပိုပြီး သုံးကြပါတယ်။ ဘယ်လိုအစားအစာတွေက ဆားပါဝင်မှုအနည်းဆုံးဖြစ်မလဲဆိုတာကို ရွေးချယ်မှာယူစားသုံးသင့်ပါတယ်။

Ref: Why should you have less salt during winters? Easy tricks to do that
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top