သွားရောက်မလည်ပတ်သင့်တဲ့ နိုင်ငံ ၁၀ နိုင်ငံ

saudi.jpg

ခရီးသွားလုပ်ငန်းက နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို တိုးမြှင့်ပေးလို့ နိုင်ငံတော်တော်များများက နိုင်ငံခြားခရီးသွားတွေကို တံခါးဖွင့်ကြိုဆိုကြပါတယ်။

ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့နိုင်ငံတွေလည်း ရှိပါသေးတယ်။ အခုဒီမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ မရွေးချယ်သင့်တဲ့ နိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆော်ဒီအာရေးဗျ

ဆော်ဒီအာရေးဗျ နိုင်ငံကို သွားလည်မယ်ဆိုရင် ပြည်တွင်းမှာတရားဝင်နေထိုင်တဲ့ဆော်ဒီအာရေးဗျ နိုင်ငံသားက တာဝန်ခံပေးမှသာလျှင် သွားရောက် လည်ပတ်လို့ရပါတယ်။ ဒါတောင် လျှောက်လွှာရွေးချယ်မှုကိုအရမ်းတင်းကြပ်လို့ ဗီဇာရဖို့တောင်မလွယ်ပါဘူး။

၂။ အီရန်

အီရန်မှာ အမေရိကန်သံရုံးတောင်မရှိပါဘူး။ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အီရန်ဓားစာခံတွေနဲ့ အခြေအနေတင်းမာမှုကြောင့်ပါ။ အီရန်နိုင်ငံကို သွားလည်မယ့် ကမ္ဘာ့လှည့်ခရီးသွားတွေအနေနဲ့ တီဟီရန် လေဆိပ်ကခွင့်ပြုတဲ့ ခရီးသွားဗီဇာ ရဖို့လိုပြီး အမေရိကန်နိုင်ငံသားတွေဆိုရင် ဒီဗီဇာကို တိုက်ရိုက်လျှောက်လို့မရပါဘူး။ တကယ်လို့ အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ အီရန်နိုင်ငံကို သွားမယ်ဆိုရင် ဝါရှင်တန် DC မြို့ ပါကစ္စတန် သံရုံးမှာ ဖွင့်လှစ်ထားတဲ့ အီရန်နိုင်ငံ နဲ့ သက်ဆိုင်တဲ့ ဌာနမှ တရားဝင် ဗီဇာရမှသာ နိုင်ငံထဲဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

၃။ မြောက်ကိုးရီးယား

မြောက်ကိုးရီးယားကိုသွားရောက်မလည်ပတ်ခင် ခရီးသွားကုမ္ပဏီ နဲ့ package အပြည့်စာ ကြိုတင်ဝယ်ယူထားရမှာပါ။ အလည်ပတ်ခရီးစဉ်အတွင်းမှာလည်း လမ်းညွှန်နဲ့ပဲ တချိန်လုံးလည်ပတ်ရမှာပါ။

၄။ ဆီးရီးယား

ဆီးရီးယားက ပဋိပက္ခတွေအများကြီးဖြစ်ပွားနေတဲ့နေရာပါ။ ဒါကိုမကြောက်ဘဲ သွားလည်ချင်တယ် ဆိုရင်တောင်မှ ဗီဇာ လုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ဗီဇာ ထောက်ခံချက်ရဖို့တောင် လုပ်ရမယ့် အဆင့်တွေက ရှုပ်ထွေးပြီး အကြာကြီးစောင့်ရပါတယ်။

၅။ ကျူးဘား

ကျူးဘားမှာ ကာရေဗီယန်ပင်လယ်ကြီးကြည့်ပြီး ဆန်းဒဝစ်ခ်ျစားရင်း အပန်းဖြေဖို့လောက်နဲ့တော့ လေယာဉ်လက်မှတ်မှာပြီးသွားခွင့်မရှိပါဘူး။ တရားဝင်အကြောင်း ကိစ္စမရှိဘဲသွားချင်ရင် သေချာတယ် စောင့်ပေတော့ပဲ။

၆။ ဆိုမာလီယာ

ဆိုမာလီယာဆိုတာ နဲ့ပင်လယ်ပြင်မှာ ကျက်စားမင်းမူနေတဲ့ ပင်လယ်ဓားပြတွေကို ပြေးမြင်မိမှာပါ။ ပင်လယ်ဓားပြရန်ကို မကြောက်လို့ သွားလည်ချင်ရင်တောင်မှ ထောက်ခံချက် နဲ့ လာလည်ဖို့ဖိတ်ကြားမှသာ သွားလို့ရတာပါ။

၇။ အန်ဂိုလာ

အာဖရိကန်တိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ အန်ဂိုလာနိုင်ငံကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင် ကုန်ကျစားရိတ်တွေ အရမ်းများလို့ လက်လျှော့လိုက်ရမယ့်နိုင်ငံပါ ။ အန်ဂိုလာနိုင်ငံကိုသွားမယ်ဆိုရင် ဗီဇာ မလျှောက်ခင်တည်းက လျှောက်ထားကြေး၊ ဖိတ်ကြားကြေး၊ လေယာဉ်လက်မှတ် နှင့် ဟိုတယ်ခတွေ ကြိုပေးထားရမှာပါ။

၈။ အာဖရိကအလယ်ပိုင်းဒေသနိုင်ငံများ

အာဖရိကအလယ်ပိုင်းဒေသရဲ့နယ်ခြားစည်းတွေက အရမ်းတင်းကြပ်ပါတယ်။ အမေရိကန်လူမျိုးတွေလာမှာကိုလည်းအရမ်းမုန်းကြပါသတဲ့။

၉။ လစ်ဗျား

လည်ပတ်ရင်းဘယ်အချိန်၊ ဘယ်နေရာမှာ အန္တရာယ်ကျရောက်လာမှာကိုတောင် မသိနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ရာဇဝတ်မှုတွေလည်း အရမ်းများတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

၁၀။ အယ်ဂျီးရီးယား

အယ်ဂျီးရီးယားနိုင်ငံက ခရီးသွားတွေကို မရောက်ခင်တည်းက ငွေညစ်မယ့်နိုင်ငံပါ။ ဟိုတယ်မှာ ဘွတ်ကင်လုပ်ပြီးမှသာ တည်းခိုနိုင်ကြောင်းလက်မှတ်ရပါတယ်။ ထိုမှတဆင့် ပြည်တွင်းခရီးသွားအေဂျင်စီ နဲ့ချိတ်ဆက်ပြီး ဖိတ်ကြားချက်ရကြောင်းသေချာအောင်လုပ်ရမှာပါ။ ဒါတွေအားလုံးပြီးမှသာဗီဇာလျှောက်လို့ရပါတယ်။

May Moe (ရိုးရာလေး)
Ref : Newsbug Knowledge : 10 Countries in The World That Don’t Want You To Ever Visit

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top