ညဝတ်အင်္ကျီကို မလျှော်ဖွတ်ဘဲ (၂) ရက်ဆက်တိုက်မဝတ်သင့်တဲ့ အကြောင်းအရင်း

26-11-2020-yyl-001.jpg

တချို့လူတွေက ညဝတ်အင်္ကျီကို ဝတ်ပြီးတန်းမလျှော်ပစ်ဘဲ နောက်နေ့တွေမှာ ပြန်ဝတ်တတ်ကြပါတယ်။ တချို့ကတော့ ညဝတ်အင်္ကျီကို တစ်ရက်လောက်ဝတ်ပြီး အဝတ်တောင်းထဲ ထည့်လိုက်ကြတာပါပဲ။ ညအိပ်ရုံတင်ဝတ်တဲ့ အဝတ်အစားတွေက အန္တရာယ်ကင်းတယ်လို့ ထင်ရပေမဲ့ နောက်ပိုင်းကြုံတွေ့လာရနိုင်ခြေရှိတဲ့ အကျိုးဆက်တွေရှိပါတယ်နော်။ ညဝတ်အင်္ကျီတစ်ထည်တည်းကို (၂) ရက်ထက်ပိုမဝတ်ရဘူးလို့ သိရပါတယ်။ အရင်နေ့က ဝတ်ထားတဲ့ညဝတ်အင်္ကျီကို ပြန်ဝတ်ပြီး အိပ်ရာဝင်တဲ့အလေ့အထက သင့်တို့အပေါ်မှာ ဘယ်လောက် သက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ပတ်ဝန်းကျင်မှာ အိပ်စက်နေခြင်း

ညအိပ်ဝတ်စုံက သင့်အသားရေနဲ့အနီးကပ်ထိတွေ့နေရတာပါ။ တစ်ထည်တည်းကို မလျှော်သေးဘဲ နောက်နေ့တွေ ထပ်ဝတ်မယ်ဆိုရင် မမြင်နိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေနဲ့ ဆဲလ်အသေတွေက သင့်ရဲ့ညဝတ်အင်္ကျီမှာ လာပြီးစုနေနိုင်ပါတယ်။ အိပ်ရာခင်းကို ပုံမှန်လျှော်ဖွတ်ရင်တောင် မလျှော်ဖွတ်ထားတဲ့ ညဝတ်အင်္ကျီနဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အတွက် အချိန်အကြာကြီး သန့်ရှင်းနေမှာမဟုတ်ပါဘူး။ ဝတ်ပြီးသား ညဝတ်အင်္ကျီကို နောက်နေ့ပြန်ဝတ်တာက ကူးစက်ရောဂါလည်းဖြစ်နိုင်ပါတယ်။

ညဝတ်အင်္ကျီက ပိုးမွှားတွေဟာ အခြားအင်္ကျီမှာ ကူးပြောင်းသွားနိုင်ခြင်း

ထပ်ခါထပ်ခါဝတ်ထားတဲ့ ညဝတ်အင်္ကျီကို အဝတ်လျှော်စက်ထဲထည့်ပြီး လျှော်တဲ့အခါ ဘတ်တီးရီးယားပိုးမွှားတွေက အခြားအဝတ်တွေမှာလည်း ကူးသွားနိုင်ပါတယ်။ ညဝတ်အင်္ကျီတစ်ထည်တည်းကို မလျှော်ဘဲ (၂) ပတ်လောက် ဝတ်မယ်ဆိုရင် ဆံပင်နဲ့လျှော်ဖွတ်ပစ်တာတောင် အလွန်သေးငယ်တဲ့ပိုးမွှားတွေအများစုကို ဖယ်ရှားမပစ်နိုင်ပါဘူး။ အခြားအဝတ်တွေမှာဒီပိုးမွှားတွေက သွားပြီး တွဲကပ်နေမှာဖြစ်ပါတယ်။

သင့်ရဲ့အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်နိုင်ခြင်း

သန့်ရှင်းတဲ့ အိပ်ရာခင်းက သင့်ကို လန်းဆန်းတက်ကြွစေသလိုပဲ သန့်ရှင်းတဲ့ညအိပ်ဝတ်စုံနဲ့အိပ်စက်တာကလည်း သင့်ကို လန်းဆန်းစေပါတယ်။ ဝတ်ပြီးသားညဝတ်အင်္ကျီကို နောက်နေ့ထပ်ဝတ်ပြီး အိပ်ရာဝင်မယ်ဆိုရင် သင့်အသားရေကို ယားယံမှုတွေဖြစ်စေပြီး သင့်အိပ်စက်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

သင့်ရဲ့ဓာတ်မတည့်မှုကို ဆိုးရွားစေနိုင်ခြင်း

သင်က ဖုန်မှုန့်နဲ့ ဓာတ်မတည့်တာ (ဒါမှမဟုတ်) အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိတယ်ဆိုရင် ဝတ်ပြီးသားညဝတ်အင်္ကျီနဲ့ အိပ်စက်တာက ပြဿနာကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ ဖုန်မှုန့်တွေက အိပ်ရာခင်းနဲ့ ညဝတ်အင်္ကျီတွေမှာ ကပ်တွယ်တတ်ပြီး အသက်ရှုပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သင်က ဖုန်မှုန့်နဲ့ ဓာတ်မတည့်ဘူးဆိုရင် ညတိုင်း ညဝတ်အင်္ကျီကို လဲလှယ်ပေးတာအကောင်းဆုံးပါပဲ။

ဝက်ခြံပေါက်လာနိုင်ခြင်း

သင်က ညဝတ်အင်္ကျီကို မလဲလှယ်တဲ့အခါ ဘတ်တီးရီးယားနဲ့ ဆဲလ်အသေတွေက အင်္ကျီမှာ ပေါက်ဖွားလာပါတယ်။ ညဘက်မှာ အဲဒီဘတ်တီးရီးယားတွေက သင့်အသားရေမှာ ဝက်ခြံတွေထွက်လာစေနိုင်ပါတယ်။ အိပ်နေရင် ချွေးထွက်တဲ့အခါ သင့်ညဝတ်အင်္ကျီက ချွေးကို စုပ်ယူပြီး ဝက်ခြံပေါက်လာစေနိုင်ပါတယ်။

အနံ့အသက်မကောင်းခြင်း

ညဝတ်အင်္ကျိက ချွေးစုပ်ယူတဲ့အတွက် ဘတ်တီးရီးယားတွေ ပေါက်ဖွားလာအောင် ဖန်တီးနေတဲ့အခြေအနေပါ။ စိုစွတ်ပြီး မှောင်တဲ့နေရာတွေမှာ ဘတ်တီးရီးယားတွေက ရှင်သန်ပေါက်ဖွားတာကြောင့် အနံ့အသက်ဆိုးတွေကိုလည်း ဖန်တီးပြီး သင့်ရဲ့အိပ်စက်မှုကိုလည်း အနှောင့်အယှက်ပေးနေပါတယ်။

ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ခြင်း

ညဝတ်အင်္ကျီကို နောက်နေ့တွေ ပြန်ပြန်ဝတ်နေတဲ့အခါ သင့်ကိုယ်ခံအားစနစ်က ဓာတ်မတည့်တာတွေ၊ ဘတ်တီးရီးယားပိုးမွှားတွေကို အဆက်မပြတ်ခုခံတွန်းလှန်နေရပါတယ်။ ခဏခဏ တွန်းလှန်နေရတာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းကို အားနည်းလာစေပြီး ဗိုင်းရပ်စ်တွေကနေလည်း သင့်ကို ကာကွယ်ပေးဖို့ ပိုခက်ခဲလာစေတာဖြစ်ပါတယ်။

Ref: Brightside “Why We Shouldn’t Wear the Same Pajamas for 2 Days in a Row”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top