ဆေးလိပ်မသောက်ဘဲ ဘာကြောင့်အဆုတ်ကင်ဆာဖြစ်ရသလဲ

lung-cancer-finger-clubbing-1065704.jpg

အဆုတ်ကင်ဆာဖြစ်တဲ့သူတိုင်းကို ဆေးလိပ်သောက်တဲ့သူတွေလို့ ပြောလို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ကမ္ဘာပေါ်က လူ (၂၀) ရာခိုင်နှုန်းဟာ တစ်ခါမှ ဆေးလိပ်မသောက်ဖူးပေမဲ့လည်း အဆုတ်ကင်ဆာဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ ကုသလို့မရတော့တဲ့အချိန်ကျမှ ဆေးလိပ်မသောက်ဘဲ အဆုတ်ကင်ဆာဖြစ်ကြောင်းသိရတာပါ။ ဒါဆိုရင် ဆေးလိပ်မသောက်ဘဲနဲ့ ဘာကြောင့်အဆုတ်ကင်ဆာဖြစ်နိုင်ရတာလဲက မေးစရာဖြစ်လာပါတယ်။

အမေရိကန်နိုင်ငံက အဆုတ်ကင်ဆာရောဂါရှင် (၅) ယောက်ထဲက (၁) ယောက်ဟာ တစ်ခါမှ ဆေးလိပ်မသောက်ဖူးသူဖြစ်

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာဖြစ်ပွားရတဲ့ ပင်မအကြောင်းရင်းဖြစ်ပေမဲ့လည်း အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့လေ့လာမှုအရ အမေရိကန်နိုင်ငံက အဆုတ်ကင်ဆာရောဂါရှင် (၅) ယောက်ထဲက (၁) ယောက်ဟာ တစ်ခါမှ ဆေးလိပ်မသောက်ဖူးသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်သောက်ခြင်း၊ ရေဒွန်ဒြပ်စင်နဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ဆေးလိပ်မသောက်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာဖြစ်ပွားရတဲ့ပင်မအကြောင်းရင်းဖြစ်

တစ်ဆင့်ခံဆေးလိပ်သောက်ခြင်းမှာ အဆိပ်အတောက်ဓာတုပစ္စည်းရာချီပါဝင်နေပြီး (၇၀) လောက်က ကင်ဆာဖြစ်စေနိုင်တာတွေပါ။ ဆေးလိပ်မသောက်တတ်သူတွေအနေနဲ့ အဆုတ်ကင်ဆာမဖြစ်ဖို့ တစ်ဆင့်ခံ ဆေးလိပ်သောက်ခြင်းကိုရှောင်ဖို့က အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။

ရေဒွန်ကို မမြင်ရသလို အနံ့ခံလို့လည်းမရဘဲ ဒီဒြပ်စင်ကို ဂိုဒေါင်ထဲတွေနဲ့ မြေအောက်ခန်းလိုနေရာတွေမှာ တွေ့ရ

နောက်ထပ်က ရေဒွန် ဒြပ်စင်ပါ။ ရေဒွန်ကို မမြင်ရသလို အနံ့ခံလို့လည်းမရဘဲ ဒီဒြပ်စင်ကိုတော့ ဂိုဒေါင်ထဲတွေနဲ့ မြေအောက်ခန်းလိုနေရာတွေမှာ တွေ့ရပါတယ်။

မြို့ပြလူနေမှု ဘဝမှာ သွားလာလှုပ်ရှားနေရတာဆိုရင် လေထုညစ်ညမ်းမှုကို ရှောင်လွှဲဖို့ခက်

နောက်ဆုံးတစ်ချက်က လေထုညစ်ညမ်းခြင်းပါ။ (၂၀၁၃) ခုနှစ်က ထုတ်ပြန်ချက်အရ လေထု ညစ်ညမ်းမှုဟာ ကင်ဆာကြောင့်သေဆုံးမှုတွေကို ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ မြို့ပြလူနေမှု ဘဝမှာ သွားလာလှုပ်ရှားနေရတာဆိုရင် လေထုညစ်ညမ်းမှုကို ရှောင်လွှဲဖို့ခက်ခဲမှာပါပဲ။ လူအများစုက ဆေးလိပ်သောက်တာကြောင့်အဆုတ်ကင်ဆာဖြစ်ရတာလို့ထင်ကြပေမဲ့ ဆေးလိပ်တစ်ခုတည်းကသာ အဆုတ်ကင်ဆာဖြစ်စေနိုင်တာမဟုတ်လို့ ဂရုစိုက်နေထိုင်ဖို့ လိုအပ်ပါတယ်။

Ref: Foxnews “How you can get lung cancer, even if you don’t smoke”
AhKoLatt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top