ကာကွယ်ဆေးထွက်လျှင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် သက်သာသောနှုန်းထား(သို့) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်

26-11-2020-yyl-009.jpg

ရန်ကုန် နိုဝင်ဘာ ၂၆

COVID-19 ရောဂါကာကွယ်ဆေးထွက်ရှိလာပါက မြန်မာနိုင်ငံလူဦးရေ၏ (၂၀)ရာခိုင်နှုန်းအတွက် အထူး သက်သာသောနှုန်းထား(သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။


ယခုကဲ့သို့ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရန် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးလျက်ရှိသည့် Gavi, The Vaccine Alliance အဖွဲ့ အနေဖြင့် COVAX Facility မှ တစ်ဆင့် ဆောင်ရွက်မည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေးများကို ပိုမိုရရှိထိုးနှံနိုင်ရန်အတွက်လည်း နိုင်ငံတော်ဘဏ္ဏာငွေ၊ Gavi, The Vaccine Alliance မှ ထောက်ပံ့ငွေများနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ကို အသုံးပြုကာ ဝယ်ယူသွားမည်ဖြစ်သည်ဟုလည်း ဒေါက်တာမြင့်ထွေးက အသိပေးပြောကြားလိုက်သည်။


အဆိုပါကာကွယ်ဆေးများ စတင်ရရှိလာပါက ကျန်းမာရေးဝန်ထမ်းများကဲ့သို့ ရောဂါကူးစက်နိုင်ခြေများပြား သူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ စသည်ဖြင့် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဥ်းစားကာ ဦးစားပေးအုပ်စုများသတ်မှတ်၍ ထိုးနှံသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာကပါကလည်း အဆင့်ဆင့်တိုးချဲ့ထိုးနှံပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများမှ တစ်ဆင့် ထိုးနှံနိုင်ရန်အတွက်ကိုလည်း လမ်းညွှန်ချက်များ ချမှတ်၍ ခွင့်ပြု ပေးသွားမည်ဖြစ်သည်ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

KST ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top