လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ ဝတ်ဆင်ရခြင်းရဲ့ အကြောင်းရင်း

ring.gif

လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ ဝတ်ဆင်ရတာနဲ့ ပက်သက်ပြီး အလွန်ကောင်းမွန်တဲ့ တရုတ်လူမျိုးတွေရဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ အဲဒီဆိုရိုးအရ လူတစ်ယောက်ရဲ့ လက်ချောင်းတွေမှာ အဓိပ္ပာယ်တစ်ခုစီ ရှိနေပါတယ်။

လက်မ – မိဘကို ရည်ညွှန်းပါတယ်။

လက်ညိုး – မွေးချင်း မောင်နှမတွေကို ရည်ညွှန်းပါတယ်။

လက်ခလယ် – မိမိကိုယ်ကိုယ် ရည်ညွှန်းပါတယ်။

လက်သူကြွယ် – ဘဝ လက်တွဲဖော်ကို ရည်ညွှန်းပါတယ်။

လက်သန်း – မိမိမွေးလာတဲ့ သားသမီးတွေကို ရည်ညွှန်းပါတယ်

ဆိုလိုချင်တာကတော့ -(က) ပုံမှာပြထားတဲ့အတိုင်း မိမိရဲ့ လက်တွေကို ထိပ်ခြင်းဆိုင်လိုက်ပါ။ ပြီးရင် လက်ခလယ်ကို ခေါက်ပါ။ လက်ခလယ်ကိုခေါက်ပြီး ကျောချင်းကပ်လိုက်ပါ။ ကျန်တဲ့လက်တွေကိုတော့ မခေါက်ပါနဲ့။ ကပ်ထားတဲ့ လက်မထိပ်တွေကို ခွာကြည့်ပါ။ ခွာလို့ ရပါလိမ့်မယ်။ ဘာလို့လဲဆိုရင် လက်မဆိုတာ မိဘကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တစ်နေ့ကျရင် မိဘဆိုတာ မိမိနဲ့ ခွဲခွာရမှာဖြစ်တာကို လက်မလေးတွေက သက်သေပြနေပါတယ်။

(ခ) လက်ညိုးဟာ မွေးချင်း မောင်နှမတွေကို ရည်ညွှန်းပါတယ်။ မွေးချင်းတွေဆိုတာ တစ်နေ့ကျရင် သူတို့ဟာ ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်ဘဝတွေကို လျှောက်လှမ်းကြရမှာ ဖြစ်တယ်။ ဒါကြောင့် သင့်လက်ညိုးတွေဟာလည်း ခွာကြည့်တဲ့အခါ ကွာသွားခြင်း ဖြစ်ပါတယ်။

(ဂ) လက်သန်းဆိုတာ မိမိရဲ့သားသမီးတွေကို ရည်ညွှန်းပါတယ်။ မိမိရဲ့သားသမီးတွေဆိုတာလည်း နောက်တစ်ချိန် မိမိနဲ့ အတူရှိနေမှာ မဟုတ်ပါဘူး။ ခွဲခွာရမယ့် လူတွေထဲမှာ ပါဝင်ပါတယ်။ လက်သန်းလေးတွေကို ခွာကြည့်လိုက်ပါ။

(ဃ) လက်ချောင်းထိပ်တွေ အားလုံး ခွာလို့ရပေမဲ့လည်း လက်သူကြွယ်ကတော့ ခွာလို့ မရပါဘူး။ လက်သူကြွယ်ဆိုတာ မိမိရဲ့ ဘဝကြင်ဖော်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တစ်သက်လုံး ကိုယ်နဲ့ အတူ အေးတူပူမျှ သေသည်ထိ နေရမယ့်သူလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်သူကြွယ်မှာသာ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ရခြင်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top