ဖုန်းရေစိုသွားရင် ဆန်ထဲထည့်တဲ့ နည်းလမ်းကို ရပ်တန့်လိုက်ပါ

yylknowledge01.jpg

မတော်တဆ ဖုန်းရေထဲကျသွားတဲ့အခါ၊ ဖုန်းရေစိုသွားတဲ့အခါ ကျွန်တော်တို့အများစု ဒီပြဿနာကို ဖြေရှင်းတဲ့နည်းက ဆန်ထဲ ထည့်ထားလိုက်ကြတာပါပဲ။ ဒီနည်းလမ်းကို ကျွန်တော်တို့စွဲမြဲစွာ မှတ်သားထားကြတာပါ။ တကယ်တော့ ဒီနည်းက အသုံးမဝင်ပါဘူး။ သင့်ဖုန်းကို နောက်ထပ်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဖုန်းရေစိုတာကို ခြောက်သွားဖို့အတွက် ဆန်အိုးထဲ၊ ဆန်ထဲထည့်ပြီး ဖြေရှင်းတဲ့နည်းက ယုံတမ်းစကားဖြစ်ပါတယ်။

ဆန်က သင့်ဖုန်းမှာရှိနေတဲ့ရေတွေကို မြန်မြန်ဆန်ဆန်ခြောက်သွားဖို့အတွက် စုပ်ယူမပေးနိုင်ပါဘူး။ ဆန်က အမှုန့်အမွှားတွေက ဖုန်းထဲစိမ့်ဝင်ပြီး ဖုန်းရဲ့အတွင်းထဲက အစိတ်အပိုင်းတွေကိုလည်း ပျက်စီးသွားစေနိုင်ပါတယ်။ ဖုန်းရေစိုတာ ခြောက်သွားဖို့အတွက် အခြားသူတွေ မထိနိုင်တဲ့နေရာမှာ တင်ထားပြီး သဘာဝလေနဲံ ခြောက်သွားအောင်ထားလိုက်တာက အထိရောက်ဆုံးနည်းပါပဲ။ သဘာဝလေနဲ့ မြန်မြန်ဆန်ဆန် ခြောက်သွားပါလိမ့်မယ်။ ဖုန်းရေစိုသွားရင် ဆန်ထဲမထည့်ဘဲ နောက်ထပ် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။

သင့်ဖုန်းကို ချက်ချင်းပဲ Power ပိတ်ထားလိုက်ပါ

ဖုန်းရေစိုသွားတဲ့အခါ ဖုန်းရဲ့လျှပ်စီးပတ်လမ်းကို မပျက်စီးသွားဖို့အတွက် ချက်ချင်း ဖုန်းPower ကို ပိတ်လိုက်ပါ။ လျှပ်စစ်ပတ်လမ်းကို ရေစိုသွားမယ်ဆိုရင် မကောင်းနိုင်ပါဘူး။ ဒါပေမဲ့ Power ပိတ်ထားတဲ့ လျှပ်စီးပတ်လမ်းရေစိုသွားတာက ဖုန်းဖွင့်ထားပြီး ရေစိုသွားတာထက် များများစားစားမပျက်စီးနိုင်ပါဘူး။ ဖုန်း Power ကို မြန်မြန်ပိတ်နိုင်လေ ဖုန်းရဲ့ လျှပ်စီးပတ်လမ်း ပျက်စီးနိုင်မယ့်အခွင့်အရေး နည်းသွားလေလေပါပဲ။ ဒါကြောင့် ဖုန်းPower ပိတ်ဖို့က အရေးကြီးဆုံးအဆင့်ဆိုတာ မှတ်ထားသင့်ပါတယ်။

ဖုန်းကို တစ်ရှုးနဲ့ အရင်ဆုံးသုတ်လိုက်ပါ

ဖုန်း Power ပိတ်ပြီးသွားရင် အရင်ဆုံး တစ်ရှုးနဲ့ သင့်ဖုန်းကို ခြောက်သွားဖို့ သုတ်လိုက်ပါ။ သုတ်တဲ့အခါ ရေတွေကို ဖုန်းထဲအထိ ဝင်သွားအောင် တွန်းပို့သလိုမဖြစ်ဖို့အတွက် ဖြည်းဖြည်းသာသာလေး ဂရုတစိုက်နဲ့ သုတ်ပေးဖို့တော့ လိုပါတယ်။

ဖယ်ရှားလို့ရတဲ့အစိတ်အပိုင်းတွေကိုဖြုတ်ထားလိုက်ပါ

Sim Card၊ ဘတ်တ္တရီလို ဖုန်းရဲ့ဖယ်ရှားထားလို့ရတဲ့အစိတ်အပိုင်းတွေကို ဖြတ်ထားဖို့လည်း အရေးကြီးပါတယ်။

အားသွင်းတဲ့အပေါက်ထဲကို တစ်ရှုး၊ အဝတ်စတွေထည့်ပြီး ရေမသုတ်ပါနဲ့အားသွင်းပေါက်ကို ရေခြောက်သွားဖို့အတွက် ဘယ်လိုအရာမျိုးနဲ့မှ ထည့်ပြီးမသုတ်ဖို့လည်း အရေးကြီးပါတယ်။ ရေထဲ အားသွင်းပေါက်ကနေ ဝင်မသွားဖို့အတွက် ဖုန်းကို မလှုပ်ပါနဲ့၊ ဘယ်ခလုတ်မှာလည်း မနှိပ်ပါနဲ့နော်။

ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါ ပေါ်တင်ထားပြီး အခြောက်ခံလိုက်ပါ

အထက်မှာပြောထားတဲ့အဆင့်အတိုင်းလုပ်ပြီးသွားတဲ့နောက်မှာ သင့်ဖုန်းကို ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါပေါ်မှာ ထားပြီး သဘာဝလေနဲ့ပဲ အခြောက်ခံထားလိုက်ပါ။ ရေခြောက်မသွားခင် ဖုန်း Power ကို မဖွင့်လိုက်ပါနဲ့။ (၂၄) နာရီကနေ (၃၆) နာရီအထိ စောင့်ဆိုင်းဖို့ လိုပါတယ်။

ဖုန်းရေစိုသွားလို့ အခုမျှဝေထားတဲ့အတိုင်း မလုပ်ရဲဘူး၊ မလုပ်တတ်ဘူးဆိုရင်တော့ ဖုန်းPower ကို ချက်ချင်းပိတ်ပစ်ပြီး ကျွမ်းကျင်တဲ့ဖုန်းပြင်ဆရာနဲ့ ပြကြည့်တာအကောင်းဆုံးပါပဲ။

Ref: Why You Ought to Stop Putting Your Phone in Rice When It Gets Wet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top