မြစ်ထဲ အမှိုက်သရိုက်တွေ စုပုံနေတဲ့ အတွက် ရေပေါ်ကနေတောင် လမ်းလျှောက်သွားလို့ရနေ

intl01.jpg

မြောင်းတွေ၊ မြစ်တွေမှာ အမှိုက်သရိုက်တွေ စုပုံနေတာကို တွေ့မြင်နေကြရတယ်မလား။ ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းက မြစ်တစ်ခုမှာဆိုရင်လည်း မြစ်ကိုဖြတ်ဖို့အတွက် ရေစိုစရာမလိုဘဲ အမှိုက်သရိုက်တွေပေါ်ကနေ မြစ်ကိုဖြတ်သွားလို့ရနေပါတယ်။ ဘရာဇီးလူမျိုးအမျိုးသားတစ်ယောက်ဟာ မြစ်ထဲမှာ စုပုံနေတဲ့အမှိုက်သရိုက်အများကြီးကြောင့် ရေပေါ်ကနေတောင် လမ်းလျှောက်နိုင်တယ်ဆိုတာကို ရိုက်ထားမိခဲ့တဲ့ပုံတွေက ပြသလို့နေပါတယ်။

အမှိုက်သရိုက်စုပုံနေတာကို ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းက Sarapui River မှာ တွေ့မြင်ခဲ့ရပါတယ်။ မြစ်ထဲမှာ စုပုံနေတဲ့ အမှိုက်သရိုက်တွေပေါ်ကနေ လမ်းလျှောက် နေတဲ့အမျိုးသားတစ်ယောက်ရဲ့ပုံတွေကိုတော့ နိုဝင်ဘာ ၆ ရက်နေ့ မနက်ခင်းပိုင်းက ရိုက်ခဲ့တာပါ။ မြစ်ထဲမှာ စုပုံနေတဲ့အမှိုက်သရိုက်တွေက ပလတ်စတစ်အမှိုက်၊ ပုလင်းတွေ၊ ဗူးတွေ၊ သစ်သားအပိုင်းအစတွေ၊ ဖန်တွေနဲ့အခြားပစ္စည်းတွေဆိုတာကို ပုံတွေက ပြသနေပါတယ်။ အဲဒီအမှိုက်သရိုက်တွေကြောင့်ပဲ မြစ်ကို လမ်းလျှောက်ပြီး ဖြတ်နေတဲ့ အမျိုးသားကို ရေပေါ်မှာ ဟန်ချက်ညီအောင်ထိန်းနိုင်စေခဲ့တာပါ။

အဲဒီမြစ်က မိုးသစ်တောသဘာဝဥယျာဉ်နဲ့ ဆက်နေတာပါ။ ၂၀၁၃ခုနှစ်ကမှ ရေအရင်းအမြစ်ကို ကာကွယ်နိုင်ဖို့အတွက် အဲဒီဘက်ပိုင်းနေရာကို ပြည်နယ်ပန်းခြံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရိုက်ထားတဲ့ ပုံတွေထဲက အမှိုက်သရိုက်ပေါ်တွေကနေ လမ်းလျှောက်နေတဲ့အမျိုးသားဟာ ပိုလိုတီရှပ်နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ကင်မရာဘက်ကို မော့ကြည့်ပြီးတောင် လက်လှမ်းပြခဲ့ပါတယ်။

The Sarapui မြစ်က Rio de Janeiro ပြည်နယ်ကို ဖြတ်ပြီး ၃၆ ကီလိုမီတာ ရေစီးဆင်းပါတယ်။ မြေဆီလွှာအားနည်းတာနဲ့ ရေစီးဆင်းမှုကိုလျှော့ချတာတွေကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် မကြာခဏ ရေစီးသန်ပါတယ်။ အာဏာပိုင်တွေကလည်း ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ဘရာဇီးလူမျိုးတွေက အခြေခံမိလ္လာ၊ ရေနုတ်မြောင်းစနစ်ကို မလုပ်နိုင်ကြပါဘူး။ ဒီဒေသကတော့ ကမ္ဘာတစ်ဝှမ်းက သမုဒ္ဒရာတွေခဲကနေ ပလတ်စတစ်တွေနဲ့ အခြားအမှိုက် သန်းချီကို ဖယ်ရှားပေးတဲ့ Tom Caddick နဲ့ သူ့မိသားစုတွေရဲ့အကူအညီကို လိုအပ်နေတဲ့ပုံပါပဲ။ ၁၉၆၀ခုနှစ်ဝန်းကျင်က Tom ရဲ့ဘေး Francis Caddick က ရေထဲကနေ အမှိုက်သရိုက်တွေကို ဖယ်ရှားသန့်စင်ပေးတဲ့ Water Witch လို့ခေါ်တဲ့ လှေတစ်စင်းကို တီထွင်ခဲ့ပါတယ်။ နှစ် ၅၀ ကြာပြီးတဲ့နောက်မှာလည်း သူတို့မိသားစုရဲ့အဲဒီစနစ်စီးပွားရေးက ခိုင်မာနေတုန်းပါပဲ။

Ref: Ladbible “Man Walks On River Due To Amount Of Rubbish Accumulated”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top