လွတ်လပ်ရေးနေ့က မီးရှုးမီးပန်းလွှင့်တင်ပြသနိုင်ဖို့အတွက် ကန်ဒေါ်လာ ၁၀၀,၀၀၀ ထုတ်ရှင်းပေးခဲ့တဲ့ ဝီလ်စမစ်

7-7-2021-yyl-10.jpg

ကမ္ဘာကျော်မင်းသားကြီး ဝီလ်စမစ် (Will Smith) ကတော့ အမေရိကန်နိုင်ငံရဲ့လွှတ်လပ်ရေးနေ့ (ဇူလိုင် ၄ ရက်) က နယူးအော်လင်းစ် (New Orleans) မှာ မီးရှုးမီးပန်းလွှင့်တင်ပြသနိုင်ဖို့အတွက် ကန်ဒေါ်လာ ၁၀၀,၀၀၀ ထုတ်ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဝီလ်စမစ်က နယူးအော်လင်းစ်မှာ မီးရှုးမီးပန်းလွှင့်တင်ပြသဖို့ အစီအစဉ်မရှိဘူးဆိုတာ သိတဲ့အတွက် သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ မီးရှူးမီးပန်းပြသဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့အခမ်းအနားမတိုင်ခင်က မြို့တော်ဝန် လာတိုရာ ကန်ထရီရယ်လ် (LaToya Cantrell)က “Go 4th on the River က တာဝန်ယူထားတဲ့ မီးရှုးမီးပန်းပြသမှုကို နယူးအော်လင်းစ် မစ္စစ္စပီမြစ်ကမ်းတစ်လျှောက်မှာ ဇူလိုင် ၄ ရက်နေ့ ပြုလုပ်သွားမှာဖြစ်တယ်။ သရုပ်ဆောင်ထုတ်လုပ်သူ ဝီလ်စမစ်က သူ့ရဲ့ကုမ္ပဏီ Westbrook နဲ့အတူ မြို့တော်မီးရှူးမီးပန်းကို လက်ဆောင်အဖြစ်ပြုလုပ်ပေးခဲ့တာပါ ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နယူးအော်လင်းစ်မြို့အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက အခမ်းအနားကျင်းပမှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့ ဝီလ်စမစ်က မစ္စစ္စပီမြစ်တစ်လျှောက်မှာ လွှတ်လပ်ရေးနေ့အခမ်းအနားဆင်နွှဲနိုင်ဖို့ နယူးအော်လင်းစ်မြို့က လူတွေကို ကူညီပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

အနုပညာလမ်းကြောင်းအစတုန်းက ဝီလ်စမစ်ဟာ Independence Day ဆိုတဲ့အက်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဲဒီဇာတ်ကားဟာ ဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဝီလ်စမစ်က Emancipation ရုပ်ရှင်ကားသစ်ရိုက်ကူးနေတဲ့ လူဝီစီယားနားပြည်နယ်မှာ ရှိနေပါတယ်။

Ref: AsiaOne “Will Smith paid $135,000 for a Fourth of July fireworks display in New Orleans”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top