ဓားပြတွေကိုပါ လှည့်စားခဲ့ဖူးတဲ့ ကမ္ဘာကျော်မျက်လှည့်ဆရာ ဒေးဗစ်ကော်ပါဖီးလ်

14-10-2022-yyl-08.jpg

ဒေးဗစ်ကော်ပါဖီးလ်ဆိုတာ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး မျက်လှည့်ဆရာပါ။ ၂၀၀၆ ခုနှစ်တုန်းက ပြည်နယ် ၅၀ ကို လှည့်လည်ဖျော်ဖြေတဲ့ မျက်လှည့်ပွဲအပြီး သူနဲ့ လက်ထောက်အမျိုးသမီး နှစ်ယောက် ညစာစားပြီး ပြန်လာချိန်မှာ ဓားပြတိုက်ခံရတယ်။ အနက်ရောင်ကားတစ်စီးက သူတို့ဘေးကို ထိုးဆိုက်လာပြီး ကားပေါ်ကနေ လူနှစ်ယောက် ဆင်းလာခဲ့တာပါ။

” စစချင်းတော့ လက်မှတ်လာထိုးခိုင်းသူတွေလို့ ထင်နေတာ။ ပြီးတော့မှ သူတို့က ပိုက်ဆံတွေ၊ ပစ္စည်းတွေ ထုတ်ခိုင်းတော့တာ။ ကျွန်တော်တို့ကိုလည်း သေနတ်နဲ့ ချိန်ထားကြပြီ”လို့ ဒေးဗစ်ကော်ပါဖီးလ်က ပြောပါတယ်။

သူ့ရဲ့လက်ထောက်အမျိုးသမီးနှစ်ယောက်က ယူရို ၂၀၀၊ နိုင်ငံကူးလက်မှတ်၊ ဆဲလ်ဖုန်း၊ လေယာဉ်လက်မှတ်နဲ့ မုန့်ဖိုးရတဲ့ ဒေါ်လာ ၄၀၀ ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဓားပြတွေဆီ ထုတ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေးဗစ်ကော်ပါဖီးလ်က သူ့အိတ်ကပ်ကို ဖွင့်ပြလိုက်တော့ အိတ်ကပ်ထဲမှာ ဘာမှ မရှိဘူး။ ဓားပြတွေကလည်း ယုံသွားတယ်။ သူက အချိန်တိုအတွင်းမှာ ဓားပြတွေကို လှည့်စားခဲ့တာပါ။ တကယ်တော့ သူ့အိတ်ထဲမှာ ဆဲလ်ဖုန်း၊ ပိုက်ဆံအိတ်နဲ့ နိုင်ငံကူးလက်မှတ် ရှိနေပါတယ်။

ဒေးဗစ်ကော်ပါဖီးလ်က ဓားပြတွေကို လှည့်စားနိုင်ခဲ့ရုံတင်မကဘဲ ဓားပြတွေ ထွက်သွားလုဆဲဆဲမှာ သူတို့ကားလိုင်စင်ပြားကိုပါ ဖြုတ်ထားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် ရဲကို ဖုန်းဆက်တိုင်ကြားချိန်မှာ ဓားပြတွေကို အလွယ်တကူ ဖမ်းမိခဲ့ပြီး သူတို့ လုယက်ခံရတဲ့ပစ္စည်းတွေလည်း ပြန်ရခဲ့ပါတယ်။

ကမ္ဘာကျော် မျက်လှည့်ဆရာ ဒေးဗစ်ကော်ပါဖီးလ်ဟာ နှစ် ၄၀ ကြာမြင့်တဲ့ မျက်လှည့်ဆရာဘဝတစ်လျှောက် ဂင်းနက်စ်စံချိန် ၁၁ ခု ရရှိခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော်လျှောက်လမ်းမှာ ကြယ်ပွင့်ရေးထိုးခံခဲ့ရသူပါ။

Ref:David Copperfield Robbed at Gunpoint

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top