တစ်ရွာလုံးရဲ့ အနာဂတ်ကို ပြောင်းလဲပေးခဲ့တဲ့ ၁၄ နှစ်သားလေး

future.jpg

ဝီလျံကမ်ကွမ်ဘာဆိုတဲ့ ၁၄ နှစ်အရွယ် မာလာဝီကလေးငယ်ရဲ့ စူးစမ်းလိုစိတ်နဲ့ စိတ်အားထက်သန်မှုက တစ်ရွာလုံးရဲ့ အနာဂတ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျေးရွာစာကြည့်တိုက်ကနေ စာအုပ်တွေ အမြဲငှားဖတ်လေ့ရှိတဲ့ ဝီလျံဟာ စာအုပ်ထဲမှာ ရေးထားတာတွေကို နမူနာယူပြီး ပစ္စည်းအဟောင်းတွေကို စုပေါင်းကာ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မယ့် လေဒလက်တွေ တည်ဆောက်ခဲ့တာပါ။

မာလာဝီနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့နေရာမှာ တည်ရှိတဲ့ ဝီလျံတို့ရွာမှာ လျှပ်စစ်မီးဆိုတာ လူကုံထံတွေပဲ သုံးနိုင်တဲ့ အရာတစ်ခုပါ။ ဝီလျံဟာ ပထမလေဒလက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီးနောက်မှာ စိုက်ပျိုးရေးအတွက် ရေပေးဝေနိုင်ဖို့ ရည်ရွယ်ပြီး နောက်ထပ် ပိုကြီးတဲ့ လေဒလက်ကို တည်ဆောက်ခဲ့ပြန်ပါတယ်။


သူ့ရဲ့ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးတတ်မှု၊ ဇွဲမလျှော့မှုတွေကြောင့် တစ်ရွာလုံးရဲ့ အနာဂတ် အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တာပါ။ မလျှော့သောဇွဲနဲ့ ကြိုးစားရင် အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ အတုယူစရာ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။

Ref: William Kamkwamba, the Malawian teenager who changed his village’s future

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top