အချစ်လက်စွပ်လေးသက်သေတည်ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ Kem နဲ့ Mookda တို့ကို ဇာတ်လမ်းတွဲအသစ်မှာ အတူပြန်မြင်ရတော့မယ်

thai.png

ထိုင်းမင်းသားချော Kem Hussawee နဲ့ မင်းသမီးချော Mookda Narinrak တို့ဟာ အချစ်လက်စွပ်လေးသက်သေတည် (So Wayree) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့တဲ့ ထိုင်းဒရာမာစုံတွဲပါ။ သူတို့နှစ်ဦးက Thai Channel 7 နဲ့ စာချုပ်ကုန်ဆုံးသွားပြီးနောက်မှာ freelance သရုပ်ဆောင်တွေအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ကြတာပါ။ ပရိသတ်တွေတော်တော်များများက သူတို့နှစ်ဦးကို ဇာတ်လမ်းတွဲမှာ အတူပြန်မြင်ချင်နေခဲ့ကြတာပါ။

ပရိသတ်တွေ စောင့်ဆိုင်းနေကြသလိုပဲ သူတို့နှစ်ဦးဟာ Mocha Chai Laboratories နဲ့ လက်တွဲပြီး ONE 31 က ထုတ်လုပ်မယ့် Decalcomania ဇာတ်လမ်းတွဲအသစ်မှာ အတူပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲက အာရှဖျော်ဖြေရေးနယ်ပယ်က A စာရင်းဝင်သရုပ်ဆောင်တွေပါဝင်ပြီး ထိုင်းနဲ့ စင်ကာပူကြား ပူးတွဲထုတ်လုပ်မှုဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Ref: Kem Hussawee and Mookda Narinrak Returned On Screen With A New Major Series

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top