အမျိုးသားတွေအတွက် ဆောင်းရာသီဝတ်ဖက်ရှင်စတိုင် (၅) မျိုး

22-12-2020-yyl23.jpg

ဖက်ရှင်က မိန်းကလေးတွေအတွက်တင်မဟုတ်ဘဲ ယောက်ျားလေးတွေအတွက်လည်းအရေးပါပါတယ်။ ယောက်ျားလေးတွေ ကြည့်ကောင်းဖို့ဆိုရင် ဖက်ရှင်ကျကျဝတ်စားနေထိုင်ဖို့လိုပါတယ်နော်။ ဖက်ရှင်ကျအောင် ဝတ်ဖို့ကျပြန်တော့လည်း နည်းနည်းတော့ အခက်သားပဲ။ တစ်ခါတလေ အဝတ်အစားအရွေးမှားတတ်သေးတယ်။ ဒါကြောင့် နောက်ဆုံးပေါ်ဖက်ရှင်တွေကို ရွေးချယ်တတ်ဖို့ ကြိုးစားကြရပါမယ်။ ဖက်ရှင်တွေကလည်း တစ်နေ့တစ်မျိုးမရိုးရအောင်ကို အသစ်အဆန်းတွေပေါ်နေတာပါ။ ဒါကြောင့် အခု ဆောင်းရာသီရောက်ပြီဆိုတော့ ယောက်ျားလေးတွေ ဖက်ရှင်အရွေးမမှားစေဖို့ ဘယ်အချိန်မဆိုရိုးမသွားစေမယ့်ဆောင်းတွင်းဝတ်ဖက်ရှင်စတိုင်တွေကို မျှဝေပေးလိုက်ရပါတယ်။ ဒီစတိုင်တွေက နောက်နှစ် ဆောင်းရာသီမှာ ဝတ်မယ်ဆိုရင်လည်း ရိုးသွားမှာမဟုတ်ပါဘူးနော်။ ရုံးတက်ရင်လည်း ဒီစတိုင်မျိုးဝတ်ဆင်လို့ရပါတယ်။

ဆွယ်တာဖက်ရှင်

ဆောင်းတွင်းမှာဆိုရင် ဆွယ်တာကလည်း ယောက်ျားလေးအတွက် မရိုးသွားဘဲ ဖက်ရှင်ကျစေမယ့် အကောင်းဆုံးအရာပါပဲ။ ဖက်ရှင်ကျချင်ရင် ဆွယ်တာဝတ်ဖို့ မမေ့နဲ့နော်။ အကောင်းဆုံးကတော့ ဆွယ်တာအောက်မှာ ရှပ်အင်္ကျီခံဝတ်တာပါပဲ။ ဆွယ်တာတွေကလည်း ဒီဇိုင်းအမျိုးမျိုးရှိတဲ့အတွက် အကောင်းဆုံးတစ်ခုကိုရွေးချယ်ဖို့တော့လိုအပ်ပါတယ်။ ဆွယ်တာဝတ်ရင် ဂျင်းနဲ့တွဲဖက်ဝတ်ဆင်ရပါမယ်။ အဲဒီလို ဝတ်မယ်ဆိုရင် သင့်ကို ကြည့်ကောင်းသွားစေမှာ အမှန်ပါပဲ။

Hoodie ဖက်ရှင်

ဆောင်းရာသီမှာ ယောက်ျားလေးတွေအတွက် မရှိမဖြစ်ကလည်း Hoodie ဖက်ရှင်ပါပဲ။ Hoodie ကို ဘောင်းဘီ၊ရှုးဖိနပ်နဲ့ဝတ်ဆင်လိုက်မယ်ဆိုရင် သင့်စတိုင်က အမိုက်စားဖြစ်သွားမှာပါ။ သင့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ hoodies ရွေးချယ်ဝတ်ဆင်တတ်ဖို့တော့ အရေးကြီးပါတယ်။ အရမ်းပွတာကိုမရွေးချယ်ပါနဲ့။ ပြောင်တီရှပ်ပေါ်မှာ ဇစ်ဆွဲHoodie ကိုဝတ်ဆင်တာကလည်း ကြည့်ကောင်းတဲ့ဖက်ရှင်စတိုင်ပဲဖြစ်ပါတယ်။


Denim နဲ့ ဂျာကင်ဖက်ရှင်

Denim နဲ့ဂျာကင်တွေကလည်း ယောက်ျားလေးတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ပါတယ်။
တီရှပ်နဲ့ Denim ဘောင်းဘီ ဒါမှမဟုတ် ဂျင်းပျော့ဘောင်းဘီနဲ့တွဲဖက်ဝတ်မယ်ဆိုရင် လူက အလန်းစားဖြစ်သွားမှာပါ။ ဂျာကင်တွေဝတ်ဆင်မယ်ဆိုရင် အမဲရောင်နဲ့အပြာရောင်ဂျင်းဘောင်းဘီနဲ့တွဲဝတ်ကြည့်သင့်ပါတယ်။ အဲဒီအရောင်တွေကဆောင်းရာသီအရောင်တွေပါပဲ။

ဖလန်နယ်ရှပ်အကျီဖက်ရှင်

ဒီဖက်ရှင်စတိုင်ကလည်း အမြဲတမ်းခေတ်စားနေတာပါ။ ချည်ဖလန်နယ်တွေကလည်း သင့်ကို ကြည့်ကောင်းနေစေမှာတော့ အမှန်ပါပဲ။ ပြောင်တီရှပ်အပေါ်ကနေ ချည်ဖလန်နယ်အကွက်ကို ကြယ်သီးဖြုတ်ပြီးဝတ်ဆင်လိုက်မယ်ဆိုရင် ဖက်ရှင်ကျနေမှာပါ။ ဒီဖက်ရှင်မျိုးကို လူတော်တော်များများကြိုက်ကြပါတယ်နော်။ ဆောင်းတွင်းမှာ ချည်ဖလန်နယ်တစ်ခုတည်းနဲ့ အရမ်းချမ်းတယ်ဆိုရင် အနွေးထည်တစ်ခုခုထပ်ဝတ်ပေးလို့ရပါတယ်။

ကုတ်အကျီနဲ့လည်စည်းပုဝါ

ယောက်ျားလေးတွေအတွက် ကုတ်တွေကလည်း အမျိုးမျိုးရှိပါတယ်။ သင်နဲ့လိုက်ဖက်စတိုင်ကျမယ့် တစ်ခုကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့တော့ လိုတယ်နော်။ ဒီဖက်ရှင်ကလည်း ဆောင်းရာသီမှာ အပြတ်လန်းမယ့် စတိုင်ဖြစ်ပါတယ်။ ဆောင်းရာသီမှာ မပါမဖြစ်ကလည်း လည်စည်းပုဝါပါပဲ။ ယောက်ျားလေးတွေကလည်း လည်စည်းပုဝါနဲ့ အပြတ်လန်းလို့ရပါတယ်နော်။ လည်စည်းပုဝါကိုမဖြစ်မနေဝတ်ကြည့်ပေါ့နော်။ သင့်ကိုနွေးထွေးစေရုံသာမက ဖက်ရှင်လည်း ကျစေမှာပါ။ လည်စည်းပုဝါဒီဇိုင်းအမျိုးမျိုးနဲ့စတိုင်ထုတ်ကြည့်မယ်ဆိုရင် သင့်ကို ကြည့်ကောင်းနေစေမှာပါ။
ကဲ…ဆောင်းရာသီဝတ်ဖက်ရှင်နည်းလမ်းတွေလည်း မျှဝေပေးပြီးသွားပြီနော်။

Ref: Winter Style for Men
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top