လေထုညစ်ညမ်းမှုကြောင့် အသားရေပျက်စီးမှုမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

pollution-2.png

ကျွန်မတို့ရဲ့မျက်နှာက ထိတွေ့အလွယ်ဆုံးခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး လေထုညစ်ညမ်းမှုကြောင့် အသားရေပျက်စီးလာနိုင်ပါတယ်။ အသားရေကို ထိခိုက်ပျက်စီးစေတဲ့လေထုညစ်ညမ်းမှုတွေမှာ နေရောင်ခြည်စွမ်းအင်သုံးခရမ်းလွန်ရောင်ခြည်၊ ဟိုက်ဒရိုကာဗွန်၊ အော်ဂဲနစ်ဒြပ်ပေါင်း၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အမှုန့်အမွှားများ၊ အိုဇုန်းနဲ့ ဆေးလိပ်ငွေ့တွေပါဝင်ပါတယ်။

လေထုညစ်ညမ်းမှုရဲ့ဘေးထွက်ဆိုးကျိုးတွေက ပြောင်းလဲနေပြီး အဖြစ်များဆုံးက အရေးအကြောင်းတွေကို ဖြစ်စေတဲ့အပြင် အိုမင်းရင့်ရော်စေပြီး အသားရေကျစ်လျစ်မှုမရှိတော့တာပါပဲ။ ဒါအပြင့် ဝက်ခြံပေါက်ခြင်းနဲ့ အသားရေခြောက်သွေ့တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကြောင့် အသားရေပျက်စီးမှုတွေမဖြစ်အောင် ရိုးရှင်းတဲ့နည်းလမ်းတွေ ကာကွယ်ကြရအောင်။ အဲဒီရိုးရှင်းတဲ့နည်းလမ်းလေးတွေကတော့

နေရောင်ခြည်ကာကွယ်ခြင်း

အများဆုံး SPF 30 ပါဝင်တဲ့ suncream နဲ့ မျက်နှာကို ကာကွယ်ထားပါ။ အပြင်သွားတဲ့အခါ အိမ်ကမထွက်ခင် မိနစ် (၂၀) မှာ လိမ်းထားပြီး (၂) နာရီခွဲတစ်ခါ လိမ်းပေးပါ။

မျက်နှာသန့်စင်ပြီး အစိုဓာတ်ဖြည့်ပေးပါ

လေထုညစ်ညမ်းခြင်းကြောင့်ဖြစ်စေတဲ့ အသားရေမွဲခြောက်တာတွေကို Moisturizerအသုံးပြုပြီး အသားရေနူးညံ့သွားအောင်၊ ရေဓာတ်ဖြည့်သွားအောင် ပြုလုပ်လို့ရပါတယ်။ မျက်နှာသန့်စင်ဖို့ကတော့ နူးညံ့တဲ့မျက်နှာသစ်ဆေးကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး (၂) ကြိမ် (သို့) (၃) ကြိမ် မျက်နှာသန့်စင်ပေးပါ။ အမြဲတမ်း မိတ်ကပ်ဖျက်ပေးဖို့ အမှတ်ရပါ။ အသားရေကို သန့်စင်ပေးခြင်းက ဝက်ခြံပေါက်တာကို ကာကွယ်ဖို့အတွက် အရေးကြီးပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသုံးပါ

ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။ လတ်ဆတ်တဲ့သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆံတွေက အန်တီအောက်စီဒန့် (antioxidants)၊ အိုမင်းရင့်ရော်ခြင်းကို ထိန်းပေးတဲ့ဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။ ဗီတာမင် အေ၊ စီ၊ အီ တွေက အစွမ်းထက်တဲ့အန်တီအောက်စီဒန့်ဓာတ်တွေ အားလုံးပါပဲ။ အဲဒီဓာတ်တွေကို အစားအစာများစွာမှာ တွေ့ရပြီး ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ အစိမ်းရောင်အရွက်များတဲ့ဟငတ်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆံတွေမှာ အများဆုံး ပါဝင်ပါတယ်။

အထက်မှာ ဖော်ပြပေးထားတဲ့နည်းလမ်းလေးတွေနဲ့ လေထုညစ်ညမ်းမှုကြောင့် ကျွန်မတို့ရဲ့အသားရေလေးတွေ ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်လိုက်ကြရအောင်နော်..။

Ref: TOI “How to protect your skin from pollution”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top