ပရိသတ်အဖြစ်ကနေ အိမ်ထောင်ဖက်ဘဝအထိ ဖူးစာဆုံခဲ့တဲ့ အနုပညာရှင်စုံတွဲများ

cha.jpg

ကိုယ်အရမ်းစွဲလမ်းပြီး ကြိုက်နှစ်သက်တဲ့ကိုယ့် idol တွေကို လူချင်းရင်းရင်းနှီးနှီးတွေ့ဖို့တောင်မလွယ်တဲ့ခေတ်မှာ လက်ထပ်ခွင့်ရတယ် ဆိုတာတော်ရုံကံကောင်းခြင်းလားနော်။

ဒီတော့ အားကျရတဲ့ အနုပညာရှင်တွေနဲ့လက်ထပ်ခွင့်ရခဲ့တဲ့ ပရိသတ် ၉ ယောက်က ဘယ်သူတွေဖြစ်မလဲ။ ကြည့်ရအောင်။

၁။ S.E.S အဖွဲ့ဝင် Shoo နှင့် Im Hyo Sung

တောင်ကိုရီးယားရဲ့ဘက်စကတ်ဘောငွေကြယ်ပွင့် In Hyo Sung က မိန်းကလေးအဆိုတော် အဖွဲ့ S.E.S ရဲ့ အမာခံပရိသတ်ပါ။ အထူးသဖြင့် သူ့ရဲ့အသည်းကျော်က Shoo ပါ။ သူရဲ့ပထမဆုံးစွဲလမ်းခဲ့ရတဲ့ အနုပညာရှင် က နောက်ဆုံးမှာ သူ့ဇနီးဖြစ်လာခဲ့ပါတယ်။

၂။ Cha Seung Woo နှင့် Lee Soo Jin

Channel 7 ကနေထုတ်လွှင့် ပြသခဲ့တဲ့ “လွတ်လမ်း” ဇာတ်လမ်းတွဲက မင်းသားဖြစ်တဲ့ Cha Seung Won တစ်ယောက် အောင်မြင်တဲ့ငွေကြယ်ပွင့် မဖြစ်သေးခင် အထက်တန်း ကျောင်းသားဘဝလောက်တုန်းက club တွေလျှောက်ပတ်ပြီးကဲနေခဲ့တာပါ။ Lee Soo Jin ကို တစ်ကြိမ်ပဲတွေ့ပြီး သိပ်မကြာခင်ပဲ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ထိုအချိန်တုန်းက သူက အသက် ၂၀ ပဲရှိသေးပြီး ဇနီးလောင်းသူမကတော့၂၄နှစ်ပါ။ မိဘတွေဆန့်ကျင်နေရင်းတန်းလန်း သူတို့နှစ်ယောက်ကလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်အိမ်ထောင်ရေးကတော့ အခုထိခိုင်မြဲနေတုန်းပါ။

၃။ Seo Taeji နှင့် Lee Ji Ah

အဆိုတော်၊ သီချင်းရေးဆရာဖြစ်တဲ့ Seo Taeji နဲ့ မင်းသမီး တစ်လက်ဖြစ်တဲ့ Lee Ji Ah တို့ဆုံဖြစ်ခဲ့ပုံက Seo Taeji ရဲ့ ၁၉၉၃ ခုနှစ် လော့စ်အိန်ဂျလိစ်မှာကျင်းပခဲ့တဲ့ ပြပွဲကိုပရိသတ်တစ်ဦးအဖြစ်တက်ရောက်ရင်းနဲ့ပါ။ ၁၉၉၆ ခုနှစ်မှာတော့ Seo Taeji ကအမေရိကကိုအပြီးပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၉၇ မှာတော့ သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီး ၁၀ နှစ်ကြာချိန်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

၄။ Lee Sun Kyun နှင့် Jeon Hye Jin

Lee Sun Kyun တစ်ယောက် မင်းသားအဖြစ်ပရိသတ်ကြားနာမည်မရသေးခင် ကျော်ကြားတဲ့ ကဇာတ်ရုံက မင်းသမီးဖြစ်တဲ့ Jeon Hye Jin ရဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူ့သူငယ်ချင်းက သူမနဲ့တူတူ ပြဇာတ်မှာသရုပ်ဆောင်ရတော့ ဒီအခွင့်အရေးကိုအသုံးချပြီး သူမနဲ့နီးစပ်ဖို့ကြိုးစားကာသူမ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

၅။ Park Hae II နှင့် Seo Yoo Seon

ပွဲဦးထွက် ရုပ်ရှင်ဖန်သားပြင်မှာ သရုပ်မဆောင်ရခင်တုန်းက Park Hae II က ပြဇာတ်သရုပ်ဆောင်တစ်ဦးသာသာပါ။ သူ့ရဲ့သရုပ်ဆောင်ဟန်တွေကိုအားပေးပြီး ဇာတ်ညွှန်းရေးဆရာအရမ်းဖြစ်ချင်တဲ့ သူ့ရဲ့ ပရိသတ် Seo Yoo Seon နဲ့ ပွဲမှာတွေ့ခဲ့ကြပြီး နှစ်ဦးသားချစ်သွားခဲ့ကြတာပါ။ ၆ နှစ်လောက်တွဲခဲ့ပြီးမှ နှစ်ဦးသားလက်ထပ်ခဲ့ကြတာပါ။

၆။ Nam Kyung Joo နှင့် Jung Hee Wook

ဂီတဖျော်ဖြေပွဲလည်းပြီးရော စင်နောက်ဘက်ကိုအပြေးသွားပြီး Nam Kyung Joo ကိုအမှတ်တရလက်မှတ်ထိုးခိုင်းခဲ့တဲ့ မိန်းကလေးပရိသတ်ကတော့ Jung Hee Wook ပါ။ သူက သူမကိုသတိထားမိပေမယ့် နှစ်ယောက်သား ပွဲရှိမှတွေ့ကြရင်း idol နှင့် fan ဆက်ဆံရေးကို ၃ နှစ်နီးပါးထိန်းထားခဲ့တာပါ။ နှစ်ဦးသားအတွက် ကံကြမ္မာဖန်တီးပေးချိန်ကတော့အတူတူသောက်ကြရင်း တစ်ယောက်အကြောင်း တစ်ယောက်သိခဲ့ကြတာပါ။ အဲ့အချိန်တည်းက သူမကသာအသင့်တော်ဆုံးဆိုပြီး ရွေးချယ်ခဲ့တာပါ။

၇။ Chae Rim နှင့် Lee Seung Hwan

မြန်မာပရိသတ်တွေ တချိန်က ဆန်းမီဆိုပြီး သိခဲ့ကြတဲ့ မင်းသမီး Chae Rim က အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ Lee Sung Hwan ရဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ သူက Park Shin Hye ကို မင်းသမီးဖြစ်လာဖို့ လေ့ကျင့်ပျိုးထောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မေတ္တာသက်ဝင်ပြီး ၂၀၀၃ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းက ကြာရှည်မမြဲဘဲ လက်ထပ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ကွာရှင်းခဲ့ပါတယ်။ Chae Rim က တရုတ်မင်းသား Gao Xingqi နဲ့လက်ထပ်ခဲ့ပါတယ်။

၈။ Hwang Jung Min နှင့် Kim Mi Hye

အထက်တန်းကျောင်းတူတူတက်ချိန်တည်းက Hwang Jung Min က Kim Mi Hye ရဲ့ပရိသတ်တစ်ဦးပါ။ ၂၀၀၀ ပြည့်နှစ် ကျောင်းပြီးချိန်မှာတော့ သီချင်းရုပ်ရှင် “Cats” မှာ နှစ်ယောက်သားတူတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက Hwang က ငွေကြေးချို့တဲ့ တဲ့ မင်းသားတစ်ဦးပါ။ ဒါပေမဲ့ နေ့တိုင်း သူချစ်ရတဲ့ သူမရဲ့နှလုံးသားတံခါးကိုဖွင့်ဖို့ ပန်းတွေလက်ဆောင်ပေးနေကျပါ။ ၂၀၀၄ ခုနှစ်မှာသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါတယ်။ Hwang Jung Min ကကိုရီးယားရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လက်ဖြစ်ခဲ့ပြီး Kim Mi Hye က အောင်မြင်တဲ့ သီချင်းထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။

၉။ Yoon Soo II နှင့် Kim Sun Shim

အဆိုတော် Yoon Soo II ရဲ့အမေက ကင်ဆာရောဂါဖြစ်ပြီး ၆ လပဲခံတော့မယ့် အချိန်သူဝမ်းနည်းပူဆွေးနေချိန်မှာ သူ့နားမှာအကြာကြီးနေပြီးအားပေးခဲ့သူက Kim Sun Shim ပါ။ သူမရဲ့ချစ်မေတ္တာတွေကြောင့် သူတို့နှစ်ယောက်လက်ထပ်ခဲ့ပြီး သူ့ရဲ့မိခင်က အံ့အားသင့် ဖွယ် ၆ နှစ်တောင် ပိုပြီး အသက်ရှည်ခဲ့လို့ သူ့ဇနီးကျေးဇူးတွေ သူ့အပေါ်တင်နေကြောင်း Yoon Soo II ကပြောကြားခဲ့ပါတယ်။

၁၀။ Lee Se Joon နှင့် Kang Kyung Jin

Kang Kyung Jin က သူမရဲ့ idol ဖြစ်တဲ့ Lee Se Joon ကို fan clubမှတဆင့် အမည်မဖော်ဘဲလက်ဆောင်တွေပို့ပေးနေသူပါ။ တစ်နေ့ကျတော့ Lee Se Joon ရဲ့ပွဲတစ်ခုမှာ သူမလူလုံးထွက်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်သားတွဲလိုက် ၊ပြတ်သွားလိုက်ဖြစ်ပြီး နှစ်အနည်းငယ်ကြာတော့ အမှတ်မထင်ပြန်လည်တွေ့ဆုံပြီး နှစ်ယောက်သားလက်ထပ်ခဲ့ပါတယ်။

၁၁။ Lee Sung Min

ငွေမရှာနိုင်သေးတဲ့ ပြဇာတ်ရုံမင်းသားဘဝ နဲ့ Lee Sung Min ကို သူ့ရဲ့ဇနီးလောင်းက နံပါတ်တစ် ပရိသတ်အနေနဲကအားပေးခဲ့တာပါ။ သူမက သူ့ကိုပံ့ပိုးပေးပြီး သူတို့နှစ်ယောက်အချစ်အတွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်လက်ထပ်ပြီး သမီးလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ အခုဆိုရင် Lee Sung Min ကကိုရီးယားရဲ့အအောင်မြင်ဆုံးငွေကြယ်ပွင့်ပါ။

၁၂။Juri Ueno နှင့်Sho Wada

ဂျပန်မင်းသမီးJuri Ueno က Trikeratop တေးဂီတအဖွဲ့ရဲ့ ၁၇ နှစ်တာ အမာခံပရိသတ်ပါ။ သူငယ်ချင်းကျေးဇူးကြောင့် vocalist ဖြစ်တဲ့ Sho Wada နဲ့တွေ့ခဲ့တာပါ။

May Moe (ရိုးရာလေး)

Ref : KoreaBoo : Romantic Stories Of Celebrities Who Married Their Fans

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top