ချစ်သူဆီက ထိုင်းမင်းသမီး Yaya လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အချိန်အခိုက်အတန့်

11.6.23-yyl-20.jpg

မကြာသေးခင်က အီတလီမှာ ထိုင်းမင်းသမီးချော Yaya ကို သူ့ရဲ့ချစ်သူကောင်လေးမင်းသား Nadech Kugimiya လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုတွေနဲ့ ပုံရိပ်တွေက လူမှုကွန်ယက်မှာ တော်တော်လေးပျံ့နှံ့သွားခဲ့တာပါ။ Yaya ကလည်း အီတလီကနေ ထိုင်းနိုင်ငံကို ပြန်ရောက်နေပြီး ပွဲတွေ တက်ရောက်နေပါတယ်။ ပွဲတက်ရောက်တဲ့အချိန်မှာ သတင်းထောက်တွေကလည်း လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အခိုက်အတန့်ကို မေးမြန်းခဲ့ကြတယ်။

ဇွန်လ ၉ ရက်နေ့က ANESSA Beauty Suncare Brand ပွဲမှာ Yayaက အီတလီမှာ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့အခိုက်အတန့်ကို ထုတ်ပြောပြဖြစ်ခဲ့ပါတယ်။ သူက ခရီးထွက်ဖို့ စီစဉ်တဲ့အချိန် အဲဒီမှာ လက်ထပ်ခွင့်တောင်းခံရမယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ပြောပါတယ်။ Yaya ရဲ့ပြောစကားအရ သူက အီတလီကို အလည်အပတ်မသွားခင် သူ့သူငယ်ချင်းရဲ့မင်္ဂလာပွဲကို သွားတက်ဖို့ ဆွီဒင်ကို သွားခဲ့တယ်။ အီတလီရောက်တဲ့အချိန်မှာ သူ့ချစ်သူ မင်းသား Nadech က စိတ်လှုပ်ရှားနေတဲ့ပုံပေါ်ပြီး သူ့ရဲ့ဖုန်းကို အမြဲစစ်နေတာ သတိထားမိတယ်။

ဒီခရီးမှာ သူ့ကို လက်ထပ်ခွင့်တောင်းမယ်ဆိုတာ သူ မသေချာခဲ့ပေမဲ့ လက်ထပ်ခွင့်တောင်းခံရမှာနဲ့ပတ်သက်ပြီး အမြဲပြင်ဆင်ထားခဲ့ပါတယ်တဲ့။ Nadech က လက်ထပ်ခွင့်တောင်းမယ့်နေရာရောက်တော့ အနားယူခဲ့တယ်။ ရေကူးပြီးတဲ့အချိန်ချက်ချင်းပဲ သူက Yaya ကို နေဝင်တာကြည့်ဖို့ ခေါ်သွားမလို့ အဝတ်လဲဖို့ ပြောခဲ့တယ်။ အဲဒီအချိန်က ညနေ ၆ နာရီဖြစ်ပြီး နေဝင်တာက ည ၈ နာရီဖြစ်မယ်။

Yaya အဝတ်လဲပြီးတော့ လက်ထပ်ခွင့်တောင်းမယ့်နေရာကို သွားခဲ့ကြတယ်။ အဲဒီနေရာကို ရောက်တဲ့အချိန် သူ့ရဲ့သူငယ်ချင်း ၁၇ ယောက် လာနေတာကို မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ Nadech က သူ့ကို လက်ထပ်ခွင့်တောင်းမယ်ဆိုတာ သိလိုက်တာပါပဲ။ စေ့စပ်လက်စွပ်က ၁၂ ကာရက်စိန်မဟုတ်ဘူး။ ၅.၅ ကာရက်စိန်ဖြစ်တယ်လို့ Yaya က ဆိုပါတယ်။ Nadech က ဒီလက်စွပ်ကို ဝယ်ထားတာကြာပြီဖြစ်ပြီး၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။

(ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ ချစ်သူမင်းသားဆီကလက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ Yaya သတင်းကိုဖတ်ရှုရန် )
Ref: Yaya Urassaya Talked About Nadech Kugimiya Proposed to Her in Italy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top