ထိုင်းနိုင်ငံမှာ ကျင်းပမယ့် လက်ဝှေ့ပွဲအတွက် WLC က သိန်း ၃၀၀၀ နီးပါး အကုန်အကျခံထား

Untitled-2-2.png

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် WLC: HIDEOUT BATTLE လက်ဝှေ့ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ ကျော် (မြန်မာငွေ သိန်း ၃၀၀၀ နီးပါး) အကုန်အကျခံထားတယ်လို့ WLC ဥက္ကဋ္ဌ ဦးဇေသီဟက အွန်လိုင်းစာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ဒီပြိုင်ပွဲမှာ နည်းပညာအကူအညီတွေ အသုံးပြုရပြီး ပိုရှုပ်ထွေးတဲ့အတွက် ကုန်ကျစရိတ်လည်း ပိုများတယ်လို့ ဆိုပါတယ်။ ပွဲစီစဉ်ရေး၊ ရိုက်ကူးရေးအတွက် CCTV တွေတပ်ဆင်ပြီး အွန်လိုင်းကနေ ညွှန်ကြားသွားမှာဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း ကျင်းပတဲ့ပြိုင်ပွဲဖြစ်လို့ ကစားသမားတွေကိုလည်း နှစ်နိုင်ငံ ကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ ကန့်သတ်စောင့်ကြည့် စစ်ဆေးမှုလုပ်တယ်လို့ ဦးဇေသီဟက ပြောပါတယ်။

သြဂုတ်လ ၂၈ ရက်မှာ ကျင်းပမယ့် WLC: HIDEOUT BATTLE ပြိုင်ပွဲမှာ တွဲဆိုင်း(၇)ဆိုင်း ပါဝင်မှာဖြစ်ပြီး ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်)နဲ့ မိုင်ရှာကက်ဇ် (စပိန်)တို့က အမျိုးသမီးဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်သွားမှာပါ။

WLC ပွဲဦးထွက်မှာ အလဲထိုးနိုင်ပွဲ ရယူနိုင်ခဲ့တဲ့ စိုးမင်းအောင်ကတော့ ဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) ၅ ချီပွဲအဖြစ် ဥဇဘက်ကစ္စတန်ကစားသမား အာသာတီနဲ့ ထိုးသတ်မှာဖြစ်ပါတယ်။ စိုးမင်းအောင်ကတော့ WLC မှာ ချန်ပီယံဖြစ်ချင်လို့ အသည်းအသန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply