အရိုးမှာ သံထည်နဲ့ လျှပ်စစ်ငုတ်တိုင်တွေ ပေါင်းစပ်ထည့်သွင်းထားတဲ့ လက်တုကို ပထမဆုံး တပ်ဆင်ခွင့် ရသူ

17.10.23-yyl-5.jpg

EMBARGOED UNTIL 19.00 BST, WED OCT 11 (14.00 ET) The highly integrated bionic hand in use by Karin. Photo released October 11 2023. See SWNS story SWSCbionic. A patient dubbed the 'real bionic woman' has become the first human to be fitted with a controllable limb fused with both her nervous and skeletal systems. The Swedish woman, named Karin, 50, was fitted with her intelligent artificial limb some years ago after losing her right hand in a farming accident more than two decades earlier. An interdisc

ဆွီဒင်အမျိုးသမီးတစ်ဦးဟာ အရိုးမှာ သံထည်နဲ့ လျှပ်စစ်ငုတ်တိုင်တွေ ပေါင်းစပ်ထည့်သွင်းထားတဲ့ လက်တုတပ်ဆင်ခွင့်ရတဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ စက်ရုပ်ပညာနဲ့ ဇီဝဗေဒ ပညာရပ်ဆိုင်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး ခြေတုလက်တု ဖန်တီးမှုမှာ ရွှေရောင်အဆင့်လို့ သတ်မှတ်နိုင်တဲ့ ဖန်တီးမှုတစ်ရပ် ဖြစ်ပါတယ်။

ခြေတုလက်တု ဖန်တီးရာမှာ စက်ကိရိယာပိုင်းဆိုင်ရာ တပ်ဆင်မှုနဲ့ စိတ်ချယုံကြည်ရတဲ့ ထိန်းချုပ်မှုပိုင်းက အကြီးမားဆုံး အတားအဆီး ၂ ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း အချို့သူတွေဟာ စက်ကိရိယာတွေ ထည့်သွင်းရာမှာ ချောမွေ့မှုမရှိဘဲ စိတ်ချရတဲ့ ထိန်းချုပ်မှုမျိုး မလုပ်နိုင်မှာ၊ နာကျင်မှုဝေဒနာ ခံစားရမှာ စိုးရိမ်တဲ့အတွက် နည်းပညာအမြင့်ဆုံး၊ တန်ဖိုးကြီး ခြေတုလက်တုတွေကိုတောင် တပ်ဆင်ဖို့ ငြင်းဆန်ကြပါတယ်။

အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဆွီဒင်အမျိုးသမီး ကာရင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ လယ်ထွန်စက် မတော်တဆမှုကြောင့် ညာဘက်လက် ပြတ်ခဲ့ပြီး ဈေးကွက်ထဲမှာ လက်ရှိအသုံးပြုနေတဲ့ လက်တုတပ်ဆင်ဖို့ ငြင်းဆန်ခဲ့သူပါ။ ကာရင်ဟာ ၂၀၁၈ ခုနှစ်မှာတော့ နိုင်ငံတကာ အင်ဂျင်နီယာအဖွဲ့ရဲ့ လက်တုတပ်ဆင်ဖို့ ခွဲစိတ်မှုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းကတည်းက စတင်အသုံးပြုလာခဲ့တာပါ။
အဲဒီအဖွဲ့မှာ ဆွီဒင်၊ သြစတြေးလျနဲ့ အီတလီနိုင်ငံတို့မှ အင်ဂျင်နီယာတွေနဲ့ ခွဲစိတ်ဆရာဝန်တွေ ပါဝင်ကြပြီး လူ့ခန္ဓာကိုယ်နဲ့ စက်ကိရိယာကို အဆင်ပြေချောမွေ့စွာ ပေါင်းစပ်နိုင်အောင် တီထွင်ကြံဆခဲ့ကြတာပါ။ ကာရင်ဟာ တံတောင်ဆစ်အောက်ပိုင်း ဆုံးရှုံးခဲ့သူတွေထဲမှာ ဒီလက်တုကို ပထမဆုံး အသုံးပြုခွင့်ရသူ ဖြစ်ပါတယ်။

ကာရင်ဟာ ဒီလက်တုကြောင့် သူ့ရဲ့နေ့စဉ်ဘဝမှာ အမှီခို ပိုကင်းစွာ လှုပ်ရှားနိုင်ပြီဖြစ်ပြီး လက်တုကို ထိန်းချုပ်ရာမှာလည်း အဆင်ပြေချောမွေ့တာကြောင့် နောက်ထပ်သုတေသနတွေမှာလည်း ဝမ်းမြောက်ဝမ်းသာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

Ref: Woman Becomes First Human to be Fitted with Nerve and Bone Fused Bionic Limb

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
scroll to top