ကောင်းကင်ဒိုင်ဗင်ထိုးပြီးတော့ အသက် ၉၀ ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့တဲ့ အမျိုးသမီး

27.8.2024-yyl-1.jpg

ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့အသက် ၉၀ ပြည့်မွေးနေ့ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းကင်ဒိုင်ဗင်ထိုးပြီးတော့ ဆင်နွှဲခဲ့တာပါ။ ရှီအာလေ တူတာဆိုတဲ့ အဲ့ဒီအမျိုးသမီးကြီးက ပရော်ဖက်ရှင်နယ်ကောင်းကင်ဒိုင်ဗင်သမားတစ်ဦးနဲ့အတူ ဒိုင်ဗင်ထိုးခဲ့တာပါ။

ရှီအာလေက ကောင်းကင်ဒိုင်ဗင်ထိုးပြီးနောက် မြေပြင်ပြန်ရောက်တဲ့အချိန် “ဒါဟာ ပျော်စရာကောင်းတယ်။ နောက်ထပ် ဘယ်တော့မှလမ်းမလျှောက်နိုင်လောက်အောင်ပဲ”လို့ ရယ်မောစနောက်ကာ ပြောဆိုခဲ့ပါတယ်။ သူဟာ ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့သူဖြစ်ပြီး သတ္တိရှိတဲ့အမျိုးသမီးလည်းဖြစ်တယ်လို့ သားဖြစ်သူ ဂျွန်လူးဝစ်ရဲ့ပြောစကားအရသိရပါတယ်။

Ref: Woman celebrates 90th birthday by going skydiving

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top