လည်ချောင်းထဲ အံကပ်ဆို့ပြီး သေဆုံးခဲ့ရသူ

17-10-2022-yyl-51.jpg

ဆရာဝန်တွေက ညအိပ်ရင် အံကပ်ချွတ်အိပ်ဖို့ပြောတာ အခုလို အန္တရာယ်ကြုံနိုင်လို့ပါ။ အသက် ၄၈ နှစ်အရွယ် ကိုလံဘီယာနိုင်ငံသူ တစ်ယောက်ဟာ အိပ်ပျော်နေတုန်း အံကပ်ကျွတ်ပြီး လည်ချောင်းထဲမှာ တစ်ဆို့ခဲ့လို့ အသက်ရှူကြပ်ပြီး သေဆုံးခဲ့ပါတယ်။

မာရီယာဂက်ဇ်မန်းက အံကပ်မချွတ်ဘဲ အိပ်မိခဲ့တာပါ။ သူ့အိပ်ခန်းထဲကနေ ထူးထူးခြားခြားအသံတွေကြားလို့ အိမ်သားတွေက ဝင်ကြည့်တော့မှ အသက်မရှူတော့မှန်း သိပြီး ဆေးရုံကို အရေးပေါ် ပို့ခဲ့တာပါ။ ဆရာဝန်တွေက သတိပြန်လည်လာစေဖို့၊ အသက်ရှူလမ်းကြောင်း ပွင့်စေဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အံကပ်ကျွတ်ပြီး လည်ချောင်းထဲ တစ်ဆို့နေတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးက မကြုံစဖူးပါပဲ။ ဒါကြောင့်မို့ မာရီယာဂက်ဇ်မန်းရဲ့ဖြစ်ရပ်မှာ အသေးစိတ်အချက်အလက်တွေသိချင်တယ်လို့ အွန်လိုင်းအသုံးပြုသူတွေက ဆိုကြပါတယ်။ သိပ်မကြာခင်မှာတော့ သေမှုသေခင်းမှတ်တမ်းအရ ဖြစ်စဉ်အသေးစိတ်ကို သိရဖို့ ရှိပါတယ်။

Ref: Woman Dies After Accidentally Chocking on Her Dentures

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply