ကလေးမွေးတဲ့နေ့မှာပဲ ထီပေါက်ခဲ့သူ

5-12-2022-yyl-1.jpg

အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ကလေးမီးဖွားတဲ့နေ့မှာပဲ နောက်ထပ်အပိုဆုရရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ထီဆုကြီးပေါက်ခဲ့တာပါ။ မြောက်ကာရိုလိုင်းနားထီရဲ့သတင်းထုတ်ပြန်ချက်အရ အသက် ၂၈ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးဖြစ်တဲ့ ဘရန်ဒါ ဂိုမက်ဇ် ဟာနန်ဒက်ဇ်ဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ သမီးမိန်းကလေးမွေးဖွားခဲ့တာပါ။

သူဟာ ကွန်းကော့ဒ်မြို့က QuikTrip စတိုးဆိုင်ကနေ Powerball ထီလက်မှတ်တစ်စောင်ကို ဝယ်ယူထားခဲ့တာပါ။ ထီထွက်တဲ့နေ့မှာ သူက ကလေးမီးဖွားခဲ့ပါတယ်။ သူ့ရဲ့တတိယကလေးဖြစ်တဲ့ သမီးလေးကို မွေးဖွားပြီး နာရီပိုင်းအကြာမှာ ထီ ဒေါ်လာ ၁၀၀၀၀၀ ဆုပေါက်တယ်ဆိုတာ သိခဲ့ရပါတယ်။

အဲဒီနေ့ကို သူ ဘယ်တော့မှာ မေ့နိုင်မယ်မထင်ပါဘူး။ သူဟာ ဒီထီဆုအတွက် သူ့ရဲ့သားနှစ်ယောက်ကို ဂုဏ်ယူနေပါတယ်။ သူဟာ ထီနံပါတ်တွေကို သူ့သားတွေရဲ့မွေးရက်ပေါ်အခြေခံပြီး ရွေးလေ့ရှိလို့ပါ။ ကံကောင်းစွာနဲ့ပဲ အဲဒီနံပါတ်တွေက သူ့ကို ဒေါ်လာ ၅၀၀၀၀ ထီဆုပေါက်စေခဲ့ပါတယ်။ သူ့ရဲ့ထီက 2X Power Play ဖြစ်တဲ့အတွက် ထီဆုက နှစ်ဆဖြစ်သွားပြီး ဒေါ်လာ ၁၀၀၀၀၀ ရရှိခဲ့တာပါ။

“သမီးလေးက ကျွန်မ့ဆီ ကံကောင်းမှုတွေယူဆောင်လာသလို ခံစားရတယ်။ ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မ ထီပေါက်တာသိလိုက်ရတော့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်တဲ့အတွက် ငိုမိခဲ့တယ်”လို့ ဟာနန်ဒက်ဇ်က ပြောပါတယ်။

ဟာနန်ဒက်ဇ်က သူ့ရဲ့ထီဆုငွေကို နိုဝင်ဘာ ၃၀ ရက်နေ့က လာရောက်ထုတ်ယူခဲ့ပါတယ်။ အခွန်ဆောင်ပြီးနောက် ဒေါ်လာ ၆၅၀၁၅ ရရှိသွားခဲ့ပါတယ်။ များပြားလှတဲ့ ထီဆုငွေတွေကို သူ့အိမ်အတွက် ငွေပေးချေဖို့အသုံးပြုသွားမယ်လို့ သူက ဆိုပါတယ်။

Ref: Woman Has Baby And Wins Lottery Worth Rs 81 Lakh On The Same Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top