ဘာအလုပ်မှ မလုပ်ဘဲ တစ်နှစ်လုပ်ခ ဒေါ်လာ ၁၃၀,၀၀၀ လောက် ရခဲ့လို့ မကျေမနပ် တိုင်ချက်ဖွင့်ခဲ့သူ

27-10-2022yyl35.jpg

ဘာအလုပ်မှ မလုပ်ဘဲ တစ်နှစ်ကို လုပ်ခ ဒေါ်လာ ၁၃၀,၀၀၀ လောက် ရရှိခဲ့တဲ့ ဖြစ်ရပ်အတွက် မကျေမနပ်ဖြစ်မိတယ်လို့ အိုင်ယာလန်နိုင်ငံ ရထားလမ်းကွန်ရက်ရဲ့ ဘဏ္ဍာရေးမန်နေဂျာက ထုတ်ပြောခဲ့ပါတယ်။ အလုပ်မလုပ်ဘဲ လုပ်ခရမယ်ဆိုရင် လူတော်တော်များများ ကျေနပ်ကြမှာဖြစ်ပေမဲ့ ဒါးမော့အလက်စတဲမေးလ်က ဆိုပါတယ်။

” Times နဲ့ Independent သတင်းစာ နှစ်စောင်ရယ်၊ အသားညှပ်ပေါင်မုန့်ရယ် ဝယ်တယ်။ ပြီးရင် ရုံးခန်းထဲဝင်သွားပြီး ကွန်ပျူတာဖွင့်တယ်၊ အီးမေးလ် စစ်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်လည်း မဝင်ဘူး။ မက်ဆေ့လည်း မလာဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း စကားမပြောဖြစ်ဘူး။ ဒီတော့ သတင်းစာ ထိုင်ဖတ်ရင်း ပေါင်မုန့်စားတယ်။ နံနက် ၁၀ နာရီခွဲလောက်မှာ ပြန်ပို့ပေးရမယ့် အီးမေးလ်ဝင်ရင် ပြန်ပို့ပေးတယ်။ တစ်ပတ်မှာ အလုပ်တစ်ခုလောက် လုပ်ရရင်တောင် စိတ်လှုပ်ရှားပျော်ရွှင်နေရတဲ့ အခြေအနေပါ” လို့ မေးလ်က ဆိုပါတယ်။

မေးလ်ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ကြားကာလအတွင်း အမေရိကန်ဒေါ်လာ ၂၆၁ သန်းတန် ငွေပင်ငွေရင်းကို စီမံခန့်ခွဲခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်မှာ ရာထူးတိုးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာတော့ တာဝန်သစ်ကို အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရပြီး နာမကျန်းခွင့် ၃ လ ယူခဲ့ပါတယ်။

အလုပ်ပြန်ဆင်းချိန်မှာတော့ ငွေရှင်တွေနဲ့ အရှုပ်အရှင်းတွေ ရှိနေတာကို သတိပြုမိခဲ့ပြီး ဒီအကြောင်းကို အိုင်ယာလန်ရထားလမ်းအမှုဆောင်ချုပ်ထံ အစီရင်ခံတင်ပြခဲ့သလို ပို့ဆောင်ရေးဝန်ကြီးထံ လျှို့ဝှက်သတင်းပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ စီမံခန့်ခွဲရတဲ့ ဘဏ္ဍာရေးပမာဏ လျှော့ချခံခဲ့ရပြီး သူ့ရဲ့လုပ်ပိုင်ခွင့် တာဝန်တွေလည်း ကန့်သတ်ခံခဲ့ရတာပါ။ မေးလ်ရဲ့ အမှုကိုတော့ လာမယ့်နှစ် အစောပိုင်းမှာ ကြားနာမှုလုပ်ဖို့ ရှိနေပါတယ်။

Ref:Office Worker Complains That He Gets Paid $128,000 a Year ‘To Do Nothing’

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top