ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်ခံရသူ သန်း ၂၀ ကျော် ရှိလာ၊ ရက် ၂၀ အတွင်း ကူးစက်ခံရသူ ၅ သန်းရှိခဲ့

11-8-2020-yyl-024.jpg

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၂၀ ကျော် ရှိလာခဲ့ပါပြီ။ ကိုဗစ်ကူးစက်ခံရသူ ၄ ပုံ၊ ၁ ပုံကတော့ အမေရိကန်နိုင်ငံမှာ နေထိုင်သူတွေပါ။ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၅ သန်း၊ ဘရာဇီးနိုင်ငံမှာ ကူးစက်ခံရသူ ၃ သန်း၊ အိန္ဒိယနိုင်ငံမှာ ကူးစက်ခံရသူ ၂.၂ သန်းရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူ ၇၃၆၀၀၀ ကျော် ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြထားပါတယ်။

ကူးစက်ခံရသူ ၅ သန်းကနေ ၁၀ သန်းအထိ မြင့်တက်လာဖို့ ၃၈ ရက် ကြာမြင့်ခဲ့ပေမဲ့ ၁၀ သန်းကနေ ၁၅ သန်းအထိ မြင့်တက်လာဖို့ ၂၄ ရက်ပဲ ကြာမြင့်ခဲ့သလို ၁၅ သန်းကနေ သန်း ၂၀ အထိ မြင့်တက်လာဖို့ ရက် ၂၀ ပဲ ကြာမြင့်ခဲ့ပါတယ်။

Ref: BBC ” World cases pass 20 million mark”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top