စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ ကင်ဆာရောဂါသည်ပရိသတ်လေးကို အံ့အားသင့်စေခဲ့တဲ့ The Rock

27.7.23-yyl-1.jpg

The Rock လို့ လူသိများတဲ့ ဒွိန်းဂျွန်ဆင်ဟာ သူ့ရဲ့အမာခံပရိသတ်လေးကို တစ်သက်တာအံ့အားသင့်မှုတွေပေးဖို့ စားပွဲထိုးအဖြစ် ဟန်ဆောင်ခဲ့ပါတယ်။The Rock က ရှားပါးအရိုးကင်ဆာကို ခံစားနေရတဲ့ အသက် ၁၂ နှစ်အရွယ် လူနာ ပါရုန်းနဲ့ သူ့ရဲ့မိသားစုကို Hotel Bel Air မှာ အံ့အားသင့်အောင်လုပ်ခဲ့တာပါ။

The Rock က ပါရုန်းရဲ့မိသားစုကို သူ့အတွက် နေ့လယ်စာစီစဉ်ပေးမယ်၊ နေ့လယ်စာစားပွဲဆီ လူကိုယ်တိုင်တော့ တက်ဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒါပေမဲ့ စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ အကြီးစား Surprise လုပ်ခဲ့တာပါ။

လူနာက အရမ်းထူးခြားတယ်၊ ကမ္ဘာပေါ်မှာ အသန်မာဆုံးကောင်မလေးတွေထဲက တစ်ယောက်ဖြစ်တယ်၊ ကင်ဆာရောဂါကို နှစ်တော်တော်ကြာခံစားနေခဲ့ရတယ်၊ သူ့ကို အစားအသောက်တွေပြင်ဆင်ပေးပြီး အံ့အားသင့်စေခဲ့တယ်လို့ The Rock က အင်စတာဂရမ်အကောင့်မှာ ဆိုထားပါတယ်။ သူ့ဘဝမှာ အမိုက်စားအလုပ်တွေလုပ်ခဲ့တယ်၊ ဒါပေမဲ့ လူနာရဲ့စားပွဲထိုးဖြစ်ရတာက အမိုက်ဆုံးပဲလို့လည်း ပြောခဲ့ပါတယ်။

သူ့အိုင်ဒေါကို လူချင်းတွေ့ခွင့်ရခဲ့တဲ့ ပါရုန်းက သူ ဘာမှမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့တယ်၊ နောက်ဆုံးတော့ သူ့ရဲ့ဟီးရိုးနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။ နေ့လယ်စာစားပြီးတဲ့နောက်မှာ The Rock က ပါရုန်းတို့မိသားစုကို Disneyland လက်မှတ်တွေ လက်ဆောင်ပေးခဲ့ပါသေးတယ်။

Ref: ‘The Rock’ poses as a hotel waiter to surprise a very special fan

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top