ရင်ခုန်စိတ်လှုပ်ရှားချင်သူတွေအတွက် ဘရာဇီးကုမ္ပဏီတစ်ခုက ရေတံခွန်ပေါ်မှာ တွဲလောင်းချိတ်ထားတဲ့ စားပွဲဝိုင်းတစ်ခု ဖန်တီးခဲ့ပါတယ်။ အမေရိကန်ရက်ပ်ပါ OnPointLikeOp နဲ့ သူ့ချစ်သူတို့ အဲဒီစားပွဲမှာ စားသောက်နေတဲ့ ရုပ်သံမှတ်တမ်း ပျံ့နှံ့သွားပြီးနောက် ဒီအကြောင်း လူသိများလာတာပါ။
သူတို့စုံတွဲက ကာစကာတာဒါဆီပယ်တူရာ ရေတံခွန်ပေါ် တွဲလောင်းချိတ်ထားတဲ့ သစ်သားစားပွဲမှာ ဝိုင်နီနဲ့ မုန့်တွေ စားသောက်ခဲ့ကြတာပါ။ စားသောက်ပွဲဟာ ၁၅ မိနစ်ပဲ ကြာမြင့်ပြီး အမေရိကန်ဒေါ်လာ ၄၅၀ ( မြန်မာငွေ ၁၅ သိန်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။
” ၁၅ မိနစ်ပဲ ကြာပါတယ်။ ဒါပမေဲ့ အဲဒီအတွေ့အကြုံက ရှုခင်းကြည့်ရတာ၊ အစားအစာ စားရတယ်ဆိုတာထက် အများကြီး ပိုပါတယ်”လို့ OnPointLikeOp ရဲ့ ချစ်သူ ခရစ္စတီယန်နာက ပြောပါတယ်။
OnPointLikeOp တို့ စုံတွဲကို ထိုင်ခုံနဲ့အတူ လုံခြုံရေးခါးပတ်တွေ ပတ်ထားပေးတာ တွေ့ရပါတယ်။ သူတို့ စားသောက်နေချိန်မှာ စားပွဲကို ရေတံခွန်ပေါ် ရွေ့လျားနေစပြီး ဓာတ်ပုံ၊ ဗီဒယို ရိုက်ကူးပေးပါတယ်။
Ref: Would You Pay $450 for a Unique Picnic Dangling 295 Feet Over a Thundering Waterfall?
NZ ( ရိုးရာလေး)