ခရစ္စမတ်လက်ဆောင်အဖြစ် ဒီဇင်ဘာတစ်လလုံး ကုန်ခြောက်ပစ္စည်း စိတ်ကြိုက်ဝယ်ခွင့်ပေးခဲ့တဲ့ ကုမ္ပဏီ

8-12-2022-yyl-01.jpg

Yonego ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး

နယ်သာလန်ကုမ္ပဏီတစ်ခုက ခရစ္စမတ်လက်ဆောင်အဖြစ် ဝန်ထမ်းတွေကို တစ်လအတွင်း ကုန်ခြောက်ပစ္စည်းတွေ စိတ်ကြိုက် ဝယ်ယူခွင့်ပေးခဲ့ပါတယ်။ ဘရီဒါမြို့အခြေစိုက် ဒစ်ဂျစ်တယ်မားကတ်တင်းကုမ္ပဏီ Yonego က ဝန်ထမ်း ၁၀၀ ကျော်ကို Folder တစ်ခု၊ ဈေးဝယ်အိတ်တစ်လုံးနဲ့ ရွှေရောင်စာအိတ်တစ်လုံးစီ ပေးခဲ့တာပါ။

Yonego ကုမ္ပဏီပိုင်ရှင် ဂျိုရစ်တွန်ဒါ

သူ့ရဲ့ဝန်ထမ်းတွေကို ယုံကြည်တဲ့အတွက် ကုန်ခြောက်ပမာဏကို ကန့်သတ်ထားခြင်းမရှိဘူးလို့ Yonego ပိုင်ရှင် ဂျိုရစ်တွန်ဒါက ပြောပါတယ်။ ဒီဇင်ဘာလတစ်လလုံး စူပါမားကတ်တွေမှာ ကုန်ခြောက်ဝယ်ယူမှု ငွေပြေစာတွေကို စာအိတ်ထဲ ထည့်သိမ်းထားကြဖို့ သူက ဆိုပါတယ်။

ဈေးဝယ်စင်တာကြီးတစ်ခုကို မြင်တွေ့ရစဉ်

Ref:Employer Gifts A Month’s Worth Of Groceries To All 100 Employees, With No Limit

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top