မျက်နှာပြင်အပြည့်ဒီဇိုင်းနဲ့ ထွက်ရှိလာတော့မယ့် OPPO F5 Youth

image_1510207453-5f12132f38.jpg

မိုဘိုင်းဖုန်းတွေရဲ့ ရေစီးကြောင်းက ဒီ ၂၀၁၇ မကုန်ခင်အချိန်မှာ  ပြောင်းလဲမှုတစ်ခုအဖြစ် ထွက်ပေါ်လာနေတာကိုတွေ့ရမှာပါ။ နောက်ပိုင်းထွက်ရှိလာတဲ့ ဖုန်းတစ်လုံးကို ချက်ချင်းကိုင်လိုက်ချိန်မှာ သိသိသာသာ မြင်ရမယ့်အချက်က စမတ်ဖုန်းတွေရဲ့ ကြီးမားလှတဲ့ မျက်နှာပြင်ပါပဲ။

ဈေးကွက်အခြေအနေအရကို နောက်ပိုင်းမှာ Full Screen မျက်နှာပြင်အပြည့်ဖုန်းတွေကို သုံးစွဲသူတွေ ပိုသဘောကျလာတာကို တွေ့ရပါတယ်။ နည်းပညာအခေါ်အဝေါ်နဲ့ဆို bezel less လို့ခေါ်တဲ့ ဘေးဘောင် အကျဉ်းဆုံး (ဘေးဘောင်ပျောက်) မျက်နှာပြင်ပါတဲ့ စမတ်ဖုန်းတွေကို သုံးစွဲသူများက ပိုစိတ်ဝင်စားလာတာကြောင့် ၂၀၁၇ ခုနှစ် အကုန်ပိုင်းဟာ Full Screen မျက်နှာပြင်အပြည့် ဘေးဘောင်ပျောက်ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်ပါပဲ။ ဒီလို ဘေးဘောင်ပျောက် စမတ်ဖုန်းပြိုင်ပွဲထဲကို ထပ်မံဝင်ရောက်လာတဲ့ သူကတော့ Oppo ကုမ္ပဏီဖြစ်ပါတယ်။

Selfie Expert and Leader ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူသိများနေတဲ့ Oppo ဟာ သူ့ရဲ့ နောက်ထွက်လာတဲ့ စမတ်ဖုန်းမှာလည်း ကင်မရာနှင့် Selfie အပိုင်းတွေကို ပိုမိုအဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပြီး ဒီစမတ်ဖုန်းအသစ်ကို မကြာခင် မြန်မာပြည်မှာ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခု Oppo မှ ထုတ်လုပ်မယ့် စမတ်ဖုန်းအသစ်ကတော့ F5 Youth ဖြစ်ပြီး ဒီဖုန်းမှာ အဓိက ပြောင်းလဲသွားတာကတော့ 18:9 aspect ratio ရှိ Full Screen display အမျိုးအစားဖြစ်ပြီး မျက်နှာပြင်အရွယ်အစားနဲ့ ရုပ်ထွက်အရည်အသွေးကလည်း 6-inch FHD+ (1080×2160) နဲ့ ထွက်ရှိလာမှာ ဖြစ်တယ် လို့သိရပါတယ်။

Selfie ပိုင်းအနေနဲ့တော့ ဓာတ်ပုံရိုက်ကူးမှုအတွက် A.I Beauty Technology လို့ခေါ်တဲ့ Selfie ရိုက်ကူးမှုပိုင်းမှာ ပိုစစ်မှန်ပြီး သဘာဝပိုကျတဲ့ ရုပ်ပုံများ ထွက်ရှိအောင် ကူညီပေးနိုင်တဲ့ ဉာဏ်ရည်တု (AI) နည်းပညာလည်း ပါဝင်လာမှာ ဖြစ်တယ် လို့သိရပြီး  ဒီနည်းပညာက ဓာတ်ပုံတစ်ပုံကို ဘယ်လောက်ကောင်းအောင် ကူညီပေးနိုင်မလဲဆိုတာကိုတော့ ဖုန်းထွက်ရှိလာတဲ့အချိန်မှာ သိကြရမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top