OPPO ၊ PUBG MOBILE King of The Hill Offline ဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ်ကစားသမားများ အနိုင်ရရှိ

Photo-1-1.jpg

PUBG MOBILE မှ မြန်မာနိုင်ငံတွင်းရှိ လူငယ်များ၏ Esports ဂိမ်းစွမ်းရည်များကို သိရှိခဲ့ပြီးနောက် မြန်မာကစားသမားများအတွက် OPPO | PUBG MOBILE KING OF THE HILL Offline ဂိမ်းပြိုင်ပွဲကြီးကို ဒုတိယအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ရှိ Myanmar Plaza Promotion Area တွင် နေ့လယ် ၁၁ နာရီမှ ည ၇ နာရီအထိ ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲကို OPPO Myanmar မှ Title Sponsor အဖြစ် ပါဝင်ကူညီပေးထားပြီး ပရော်ဖက်ရှင်နယ် ကစားသမားများ၊ PUBG MOBILE ဂိမ်းကို စိတ်ဝင်စားသူများနှင့် ဝါသနာရှင်များ အများအပြား လာရောက် အားပေးခဲ့ကြပါသည်။

OPPO ၊ PUBG MOBILE King of The Hill ပြိုင်ပွဲသည် နိုင်ငံအတွင်းရှိ Esports ဝါသနာရှင်များအတွက် ဆီးဂိမ်း ကဲ့သို့သော နိုင်ငံတကာအဆင့်ပြိုင်ပွဲများအထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးသည့် ခြေလှမ်း တစ်ခုအဖြစ်သော်လည်းကောင်း၊ ဒေသတွင်းနှင့် အခြားနိုင်ငံများတွင် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည် နှင့်အညီ မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်သော်လည်းကောင်း ရည်ရွယ်ပြီး PUBG MOBILE မှ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ထိုဂိမ်းပြိုင်ပွဲတွင် တစ်ဦးချင်းစီ Solo Mode ဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး ကြိုတင်စာရင်းပေးစရာမလိုဘဲ ပြိုင်ပွဲသို့ တိုက်ရိုက် လာရောက် စာရင်းပေးသွင်း ကစားနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ ပွဲစဉ် စုစုပေါင်း ၅ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ် တစ်ခုချင်းစီအတွက် Chicken Dinner ပိုင်ရှင်တစ်ဦးနှင့် Kill အများဆုံး ရရှိသူ တစ်ဦးစီ ထွက်ပေါ်ခဲ့ကာ Chicken Dinner ပိုင်ရှင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၊ Kill အများဆုံး ရရှိသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ၁ဝဝ စီ ရရှိခဲ့သည်။ ထို့အပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး OPPO booth တွင်လည်း အခြားဂိမ်းများ ကစားခဲ့ကြသည်။

“ကျွန်တော်တို့ PUBG က မြန်မာကစားသမားတွေကို တန်ဖိုးထားသလို လေးစားပါတယ်။ မနှစ်ကလည်း ပွဲတွေလုပ်ခဲ့တယ်။ ရလဒ်တွေရော ကစားသမားတွေရဲ့ စွမ်းရည်ကရော အရမ်းအလားအလာရှိတာကို တွေ့ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ အရမ်းအားရပါတယ်။ မြန်မာနိုင်ငံ Esports ကဏ္ဍက ဘယ်သူမဆို (ကစားသမားတွေ၊ အားပေးတဲ့ ပရိတ်သတ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြိုင်ပွဲစီစဉ်ကျင်းပသူတွေ) အားလုံးအတွက် အဆင့် အတန်းမြင့်မားပြီး ပျော်ဖို့လည်းကောင်း စနစ်လည်းကျတဲ့ အသိုက်အဝန်းတစ်ခု ဖန်တီးပေးချင်တာ မြန်မာနိုင်ငံအတွက် PUBG MOBILE ရဲ့ ရည်မှန်းချက်ပါပဲ။ အခုလိုမျိုးပဲ နောက်ထပ်လည်း စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခွင့်အရေးအသစ်တွေကို မြန်မာနိုင်ငံအတွက် ဖန်တီးပေးနိုင်ဖို့ ကြိုးစားသွားဦးမှာပါ” ဟု PUBG MOBILE ၏ Business Development Manager ဖြစ်သူ Aman Kumar က ပြောကြားခဲ့သည်။

ပြိုင်ပွဲနှင့်ပတ်သက်သော အသေးစိတ်သတင်းအချက်အလတ်များကို သိရှိလိုပါက PUBG MOBILE မြန်မာနိုင်ငံ ၏ Official Facebook Page  နှင့် OPPO Myanmar ၏ Facebook Page များတွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top