ပွဲတစ်ပွဲမှာ သူ့အတွက် လုံခြုံရေးအစောင့်အကြပ်လုပ်ပေးတာကို လက်မခံခဲ့တဲ့ တရုတ်မင်းသားဝူဂျင်း

8.11.23-yyl-9.jpg

ပြီးခဲ့တဲ့အပတ်က တရုတ်အနုပညာရှင်တွေဟာ ရွှေကြက်ဖဆုပေးပွဲနဲ့ ပန်းတစ်ရာရုပ်ရှင်ပွဲတော်အတွက် စုဝေးခဲ့ကြပါတယ်။ ၄ ရက်တာကျင်းပမယ့် ပွဲတော်မှာ ပွဲလမ်းသဘင်များစွာပါဝင်ပြီး ပွဲစီစဉ်သူတွေက အနုပညာရှင်တွေကို မတူတဲ့နေရာတွေကို ပို့ဆောင်ဖို့ လုံခြုံရေးဝန်ထမ်းတွေကို စီစဉ်ပေးထားခဲ့ပါတယ်။ အဲဒီအနုပညာရှင်တွေထဲမှာ အသက် ၄၉ နှစ်အရွယ် မင်းသား ဝူဂျင်းပါဝင်ပါတယ်။

Wolf Warrior 2 ဇာတ်ကားကို ရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့အတွက် လူသိများတဲ့ ဝူဂျင်းကို ပွဲကနေထွက်ခွာတဲ့အချိန် လုံခြုံရေးဝန်ထမ်း ၆-၈ ယောက်အဖွဲ့က လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို လုံခြုံရေးအဖွဲ့က ဝန်းရံထားတာကို သတိပြုမိတဲ့အချိန် ချက်ချင်းပဲ သူ့ကို မစောင့်ကြပ်ဖို့၊ လူစုခွဲဖို့ လက်နဲ့ ဝှေ့ယမ်းပြခဲ့ပါတယ်။

ဝူဂျင်း”ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ။ မင်းတို့တွေက ငါ့ကို ရှက်အောင်လုပ်နေသလိုပဲ။ ဒါကို အွန်လိုင်းပေါ်တင်လိုက်ရင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို ပြုမူနေတယ်လို့ပြောကြလိမ့်မယ်”တဲ့။ လုံခြုံရေးဝန်ထမ်းတွေက ဝူဂျင်းလက်မခံတဲ့အတွက် နောက်ကို နည်းနည်းဆုတ်သွားကြပါတယ်။ ဝူဂျင်းရဲ့လုပ်ရပ်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို ချီးမွှမ်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက ပွဲတစ်ပွဲမှာ မင်းသားဒွန်နီယန်းဟာ လုံခြုံရေးအရမ်းတင်းကြပ်စွာခံယူခဲ့လို့ ဝေဖန်ပြောဆိုခံခဲ့ရပါသေးတယ်။

Ref: Wu Jing Refuses Security Escorts For Fear Of Being Accused Of Acting Like A Big Shot

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top