Heineken® က Star Collective ပါတီကျင်းပကာ ပွဲတော်ရာသီအချိန်အခါကို ဆင်နွှဲ

Photo-1.jpg

ကမ္ဘာ့ထိပ်တန်း ပရီမီယံဘီယာကုမ္ပဏီကြီးဖြစ်သော Heineken® သည် ပွဲတော်ရာသီကို ဆင်နွှဲသည့်အနေဖြင့် ရန်ကုန်မြို့တွင် အထူးခြားဆုံး Music Party တစ်ခုအဖြစ် Star Collective ပွဲကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဂုဏ်ယူစွာ တင်ဆက်ခဲ့သည်။ အဆိုပါအခမ်းအနားသည် ပွဲသို့ လာရောက်သူများအနေဖြင့် အမှတ်တရ ဖြစ်ရပ်များနှင့်အတူ စုရုံးပျော်ရွင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပသော ပွဲတစ်ခုဖြစ်ပြီး ပြည်တွင်းမှ ထိပ်တန်း အနုပညာရှင်များ၊ အာရှတလွှားမှ DJ များ၏ စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေမှုများပါဝင်သည့် ခေတ်သစ်ဂီတ၊ အနုပညာနှင့် ဖက်ရှင်ပွဲတစ်ခု ဖြစ်သည်။ ဤအစိမ်းရောင်များ ခြုံလွှမ်းထားသည့် ‘Fabulous Green’ အခမ်းအနားကို အထူးခြားဆုံး အီလက်ထရောနစ်ဂီတ သံစဉ်များနှင့်အတူ ရန်ကုန်မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် ပဲခူးကလပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

HEINEKEN Myanmar ၏ Marketing Director ဖြစ်သူ Pattapanee Ekahitanond (Kaitoon) က “Heineken ® အနေနဲ့ အခုလို အထူးခြားဆုံးနဲ့ အဆန်းသစ်ဆုံး ဂီတပွဲကို ဦးစီးကျင်းပရတဲ့အတွက် သိပ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒီနေ့ပွဲကို လာ ရောက်တဲ့သူတွေအနေနဲ့ လတ်ဆက်တဲ့ အသွင်အပြင်နဲ့အတူ ခံစားမှုအသစ်ဖြစ်စေမယ့် Heineken® ရဲ့ သစ်လွင် ဆန်းသစ်တဲ့ ထုပ်ပိုးမှုအသစ်ကိုလည်း မြင်တွေ့ခံစားနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။

Star Collective ပွဲကြီးတွင် နိုင်ငံတကာ DJ များ၊ ဂီတတေးသွားများနှင့် အတူ၊ Music Producer Past12 ၊ တေးရေး/တေးဆို AR-T၊ Mary နှင့် Yoon Niko တို့၏ ထူးခြားပြောင်မြောက်သော ပူးပေါင်း ဖျော်ဖြေတင်ဆက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။ ထိုဂီတအနုပညာရှင်များသည် Past 12 နှင့်ပူးပေါင်း၍ ၎င်းတို့၏ အကောင်းဆုံးတေးသီချင်းများ Music Arrangement အသစ်များကို ပြုလုပ်၍ ဖျော်ဖြေသွားခဲ့သည်။ အဆိုပါဂီတပွဲသို့ Bella ၊ Ashley Koe Koe ၊ Gabriel Phway ၊ ကူးကူးဇင်အောင်၊ သူရိန်ကျော်မိုးနှင့် ခရစ်စတီးနား၊ Jessica Dada ၊ အောင်ရဲထိုက်စသည့် အနုပညာရှင်များအပါအဝင် နိုင်ငံကျော် အနုပညာရှင်များနှင့် ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများက တက်ရောက်ဆင်နွှဲခဲ့ကြသည်။

“Heineken® နဲ့ အတူပူးပေါင်းပြီးတော့ ဒီလို တေးဂီတအသစ်တွေ ဖန်တီးနေရတဲ့အတွက် ကျွန်တော် သိပ်ကို ပျော်ရွှင်မိပါ တယ်။ တက်ရောက်လာတဲ့သူတွေအတွက် ဒီနေ့ညမှာ ထူးထူးခြားခြား ဆင်နွှဲနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားထား ပါတယ်” ဟု Ar-T က ပြောကြားခဲ့သည်။

“Heineken® အနေနဲ့ ဂီတသမားတွေနဲ့ တေးချစ်သူပရိသတ်တွေအတွက် အခုလို ထူးခြားဆန်းပြားတဲ့ ပွဲတော် အခမ်းအနားမျိုးကို စီစဉ်ပေးတာကိုတွေ့ရတာ ကျွန်မ တကယ်သဘောကျမိပါတယ်။ အခြားအနုပညာရှင်ကောင်းတွေနဲ့တွဲပြီး အလုပ်လုပ်ခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်” ဟု Mary က ဆိုသည်။

Star Collective ပွဲတွင် Heineken® ၏ ထုပ်ပိုးမှု ပုံစံအသစ်ကို ခင်းကျင်းပြသသွားမည်လည်းဖြစ်ရာ ၃၃၀ မီလီမီတာ ဗူးအသစ်သည် အမြင်ထင်းသော ၃၆၀ ဒီဂရီပတ်လည်ဒီဇိုင်းအပြင်အဆင်ဖြစ်လာကာ ခေတ်မီ၍ ဆန်းသစ်သောခံစားမှုအမြင် နှင့် Matte အထိအတွေ့ကိုလည်း ပေးစွမ်းသည်။ အခမ်းအနားတွင် ချင့်ချိန်မျှတစွာ သောက်သုံးမှုကို အားပေးနိုင်ရန် ကားမောင်းနှင်မည့်သူများအတွက် အမှတ်အသားပစ္စည်းများ၊ သောက်ရေသုံးဆောင်နိုင်မည့် နေရာများလည်း ထားရှိပေးထား သည်။

Heineken® သည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း Festive Campaign ကြီးကို မြန်မာနိုင်ငံ၏ အကြီးမားဆုံး တေးဂီတ နားဆင်သည့် ပလက်ဖောင်းဖြစ်သော JOOX နှင့် ပူးပေါင်းပြီး ပြလုပ်ခဲ့ခြင်းဖြစ်သည်။ Heineken® နှင့် JOOX တို့က နိုဝင်ဘာလတွင် SafeHouse ၌ ကျင်းပခဲ့သော ‘Road to Star Collective’ Live Pop-up ပွဲကြီးအပြင် ပွဲတော်ရာသီချိန်ခါ စိတ်ခံစားမှုများ ပေးစွမ်းနိုင်မည့် သီချင်း Playlist သုံးခုကို ပူးပေါင်းဖန်တီးခဲ့ကြသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top