ပလတ်စတစ်နဲ့ အန္တရာယ်

plastic-bottles-for-recycling-SRDYH9G.jpg

၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုကို မီးမောင်းထိုးပြရမယ်ဆိုပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှာ ပြဿနာတက်နေတဲ့ ပလတ်စတစ် သုံးစွဲမှုနဲ့ စွန့်ပစ်မှု ပြဿ နာပဲဖြစ်ပါတယ်။ ထိုပြဿနာသည် ကမ္ဘာနဲ့ချီပြီး တက်နေတဲ့ ပြဿနာဖြစ်တယ်။ သက်ဆိုင်ရာ နိုင်ငံများအနေနဲ့ ထိရောက်တဲ့ ဥပဒေ ကို တင်းကြပ်စွာ မချမှတ်နိုင်သေးပါဘူး။ သို့သော် နိုင်ငံ တစ်ချို့ နဲ့ နယ်မြေအနည်းငယ်များ မှာတော့ ပလတ်စတစ် သုံးစွဲမှု (သို့) ပလတ်စတစ်စွန့်ပစ်မှုကို စတင် ဟန့်တားနေကြပါပြီး။ တစ်ချို့နေရာတွေမှာတော့ တစ်စိပ်တစ်ပိုင်းတားမြစ်မှု (သို့) လုံး၀ တားမြစ်မှု မရှိသေးပါဘူး။

၂၀၁၉ ဇူလိုင်လ ရဲ့ စာရင်းဇယားများအရ ပလတ်စတစ် လုံး၀ တားမြစ်တဲ့ အာရှ နိုင်ငံတွေကတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ပါကစ်စတန်၊ နီပေါ သီရိလင်္ကာ တို့ဖြစ်ပြီး ထိုင်း နဲ့ အိန္ဒိယ တို့ကတော့ စတင်ပြီး ပလတ်စတစ်သုံးစွဲမှု ကိုပိတ်ပင်တဲ့ တားမြစ်နေရာများ သတ်မှတ်လာကြပါပြီး။ အာဖရိကတိုက်ရှိ နိုင်ငံအတော်များများမှာတော့ ပလတ်စတစ်သုံးစွဲမှု စတင်ပြီး တားမြစ် လာနေကြတာ ကိုတွေ့နိုင်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာတော့ ခိုင်မာတဲ့ စည်းမျဉ်းဥပဒေ တွေပေါ်ထွက်လာခြင်းမရှိသေးပါဘူး။

ပလတ်စတစ်နဲ့ ပတ်သက်ပြီး သင့်အနေနဲ့ ဗဟုသုတရှိပြီးလား..။ လူတစ်ယောက်စီတိုင်းဟာ ပလတ်စတတ်အိတ် တစ်လုံး ကို ပျမ်းမျှ ၁၂ မိနစ်အထိပဲ သုံးစွဲမှုပြုလုပ်ကြပါတယ်။ အသုံးပြုလိုက်တဲ့ ပလတ်စတစ် အိတ်ပေါင်း ၂၀၀ တိုင်းမှာ ကျွန်တော်တို့ ၁ လုံး ကိုသာ ပြန်လည်အသုံးပြုကြပါတယ်။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်း ပလတ်စတတ်အိတ်သုံးစွဲမှု အလုံးပေါင်း ဘီလျီယံ (၅၀၀) ကနေ ၁ ထီလျီယံ အထိ ရှိနေပါတယ်။၁ မိနစ်တိုင်းမှာ ပလတ်စတစ် အိတ်ပေါင်း ၁ မီလျီယံ အထိသုံးစွဲမှုရှိနေ ပါတယ်။ ဒါ့အပြင် ဘီလျီယံ နဲ့ ချီတဲ့ ပလတ်စတစ် များကို အမှိုက်အဖြစ် စွန့် ပစ်မှု ရှိနေပါတယ်။

ဒီလိုစွန့် ပစ်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် ကမ်းခြေ၊ မြစ်ချောင်း၊ ပင်လယ်စပ်တွေ၊ နဲ့ နေရာများစွာမှာ ကျယ်ပြန့် စွာ စွန့် ကျဲပြီး သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် ထိခိုက်မှုတွေပေးနေပါပြီး။ ပင်လယ်ကမ်းစပ်တွေကနေ တစ်ဆင့် နှစ်စဉ် ပလတ်စတစ် (၁၈) ဘီလျီယံ (ပေါင်) ဟာ သမုဒ္ဒရာကို စီးဝင်နေပါတယ်။

ပလတ်စတစ် နဲ့ ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန် ၄၀ ရာခိုင်းနှုန်းဟာ တစ်ကြိမ်သာ အသုံးပြုပြီး ထိုပစ္စည်းတွေကို စွန့်ပစ်နေကြပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်ကနေ ပလတ်စတစ် များကို ထုတ်လုပ်မှု အလွန်ကြီးထွားလာခဲ့ပါတယ်။ကမ္ဘာကြီးရဲ့ ပလတ်စတစ်ထုတ်ကုန်များ ရဲ့ တစ်ဝက်ဟာ အာရှ တိုက်ကနေထုတ်လုပ်နေတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက အားလုံးစုစုပေါင်းရဲ့ ၂၉ ရာခိုင်နှုန်း ထုတ်လုပ်နေပါတယ်။ ဆိုတော့ ပလတ်စတစ် သုံးစွဲမှု နဲ့ စွန့် ပစ်မှု ဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို တစ်ဖြည်းဖြည်း ခြိမ်းခြောက်လာနေပါတယ်။ ဒါတွေကို လူတွေ အနေနဲ့ အသိဝင်ပြီး သတိပြုမိစေချင်ပါတယ်။

ဘာကြောင့်ပလတ်စတစ် ဟာ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတယ်ဆိုတာ ကို သိချင်နေကြမယ်ထင်တယ်။ ဟုတ်ပါတယ်.. ပလတ်စတစ်အနေနဲ့ အခြားသော ပစ္စည်းတွေလို မဟုတ်ပဲ ဆွေးမြေ့မှု လွန်စွာမှ ကြာမြင့်ပါတယ်။ သတိထားရမည်မှာ… ပလတ်စတစ်ကို ဆွေးမြေ့သည်အထိစောင့်ရမည်ဆိုပါလျှင် နှစ်ပေါင်း ရာနဲ့ ချီတင်မက ထောင်ချီသည်အထိ ကြာမြင့်နိုင်လို့ ပါ။ ဘာကြောင့် ဒီလောက်ကြာ အောင်စောင့်ရလဲဆိုတော့ ပလတ်စတစ်ဟာ အခြား ပစ္စည်းတွေနဲ့ ဓာတ်ပြုမှု မလုပ်နိုင်လို့ ဆွေးမြေ့မှုကြာနိုင်ပါတယ်။ ၎င်းကိုလည်း သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ကာဗွန်တွေနဲ့ ပြုထုတ်ထားလို့ ပါ။

ဒါဆိုရင် ကျွန်တော်တို့ တွေ စွန့် ပစ်လိုက်တဲ့ပလတ်စတစ်တွေဟာ လှပတဲ့ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ အထူးသဖြင့် စိမ်းလန်းဆိုပြေစေတဲ့ အပင်များပေါက် ရောက်မှုကို ပလတ်စတစ်စွန့် ပစ်ထားမှုကြောင့် အပင်ငယ်များ မပေါက် ရောက်နိုင်ပဲ.. လျှော့ကျလာနေပါတယ်။ ဒါအပြင် ရောဂါဘယ နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေမှု ကို လွန်စွာမှ တွန်းပို့ပေးနေပါတယ်။ဒါကြောင့် အမှိုက်ကောက်ရမှု ပြုလုပ် နေကြပါတယ်။

နောက်ထပ် စွန့်ပစ် ပလတ်စတစ်ကြောင့် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုကိုပြောရလျှင် ကုန်းနေ ရေနေ သတ္တဝါတွေကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေးနေပါပြီး။ အထူးသဖြင့် သမုဒ္ဒရာထဲက ရေသတ္တဝါတွေဟာ မြစ်ချောင်း ကနေမျှောပါလာတဲ့ ပလတ်စတစ်အမှိုက်သရိုက်တွေကြောင့်နေ့စဉ်သေဆုံးနေကြရပါတယ်။နှစ်စဉ် ပလတ်စ တစ်နဲ့ ညှိတွယ်နေမှုကြောင့် နဲ့ စားသုံးမှုတွေကြောင့် ရေသတ္တဝါပေါင်း (၁)သိန်းနီးပါ သေဆုံးနေကြရပါတယ်။ အကျိုးဆက်ကတော့ ရေသတ္တဝါတွေဟာ တစ်ဖြည်းဖြည်းမျိုးသုဉ်းလာမှုနဲ့ ရင်ဆိုင်နေကြရပါပြီး။ ဒါတွေ ကို သင်သိဖို့ လိုနေပြီး တစ်စုံတစ်ရာ ထိန်းသိမ်းစောင့်ရှောက်မှု၊ အကာအကွယ်ပေးမှုများကို ကျွန်တော်တို့အားလုံး မဆိုင်းမတွ ပူးပေါင်းလုပ်ဆောင်ကြဖို့အရေးကြီးပါတယ်။ ဒါကြောင့် အားလုံး မည်သို့လုပ်ဆောင်ကြရမည်ကို မေးနေကြမိမှာယုံကြည်ပါတယ်။

ကဲ ဒါဆို ပလတ်စတစ်ကို ဘယ်လို သုံးစွဲမှု လျှော့ချကြမလဲ….

အဖြေကတော့ (Five Rs) R ငါးလုံးလို့ ခေါ်ဝေါ်ပါတယ်။

၁။ ပထမချက်ကတော့ Reduce လို့ ခေါ်တဲ့ လျှော့ချသုံးစွဲရမှာဖြစ်ပါတယ်။ ပလတ်စတစ် အသုံးအဆာင်အစား အခြားအစားထိုးနိုင်တဲ့ စက္ကူအိတ်၊ အဝတ်ဖြင့်လုပ်ထားတဲ့ အိတ်များ၊ခြင်းများ၊ စသည်တို့ ကို သုံးစွဲနိုင်ပါတယ်။

၂။ နောက်တစ်ချက်ကတော့ Reuse ဆိုတဲ့ ပြန်လည်အသုံးပြုခြင်းဖြစ်ပါတယ်။ မိမိတို့ သုံးလိုက်တဲ့ ပလတ်စတစ် အိတ်များကို စွန့် ပစ်မှုမလုပ်ပဲ.. တစ်နေရာရာမှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

၃။ Recycle လို့ ခေါ်တဲ့ ပလတ်စတစ်များကို အခြားပစ္စည်းများအဖြစ်ပြန်လည် အသုံးပြုတာ၊ ဥပမာ ဖိနပ်များ အသုံးအဆောင်များကို ပြန်လည် ထုတ်လုပ် အသုံးပြုတာတွေ ရှိပါတယ်။

၄။ Refuse လိုက ခေါ်တဲ့ ငြင်းဆန်မှု ပြုလုပ်ပါ။ မိမိအနေနဲ့ ပလတ်စတစ်အိပ် (သို့) အသုံးအဆောင်များ ကို ဆိုင် ကနေ (သို့) နေရာတစ်ခုခုက ပေးမယ်ဆိုရင် ငြင်းဆန်ပြီး မိမိမှာပါတဲ့ ထည့်စရာနဲ့ ထည့်ပါ။ တတ်နိုင်သမျှ ငြင်းတာအကောင်းဆုံးပါ။

၅။ Repair ဆိုတဲ့ ရှိပြီးသား ပလတ်စတစ် အသုံးအဆောင်များကို ပြုပြင်ပြီး ပြန်သုံးစွဲပါ။ ဒါမှ အသစ်များကို မသုံးမိမှာဖြစ်ပါတယ်။

အိမ်တိုင်း၊ လူတိုင်း ဒီစနစ်ကို လိုက်နာနိုင်တယ်လို့ထင်ပါတယ်။ သင့်အနေနဲ့ ပလတ်စတစ် ကို ဂရုစိုက်ပြီး သုံးစွဲ နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် စည်းမဲ့ ကမ်းမဲ့ အမှိုက်များ စွန့် ပစ်မှု မလုပ်ကြဖို့ လည်း လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ နေရာမှာသာ စွန့် ပစ်ဖို့ လိုက်နာကြပါ။ အမှိုက် ကောက်ဖို့ အသိရှိတာထက် အမှိုက် မပစ်ကျဖို့ အသိရှိထားရမှာဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံသားအားလုံး အမှိုက်ကို စနစ်တကျနဲ့ စွန့်ပစ် ကြဖို့၊ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ မပစ် ကြဖို့ လိုအပ်ပါတယ်။ မိမိတို့လူမှုအသိုက်အဝန်း သန့်ရှင်းသာ ယာဖို့သည် ထိုအသိုက်အဝန်းတွင် နေထိုင်တဲ့လူများရဲ့တာဝန်ဖြစ်သည်။မည်သို့ပဲ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ စည်းမျဉ်းစည်းကမ်း မထုတ်သေးသည့်တိုင် မိမိတို့အနေနဲ့ စည်းကမ်းရှိဖို့လိုသည်။ ဒါမှလည်းနိုင်ငံကြီးသားပီသမည်ဖြစ်ပါတယ်။ တစ်ခုအသိ ဝင်နေသင့်သည်မှာ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပစ်ချခြင်းသည် အလွန်ရှက်ဖို့ကောင်းသည့်အပြင် မိမိ၏ ကိုယ်ကျင့်စိတ်နေစိတ်ထားကိုလည်း ထုတ်ဖော်ရာရောက်စေပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ အသုံးပြုပြီးသား အမှိုက်သရိုက်များကို တွေ့လေရာ တွင်မပစ်ချပါနဲ့ လို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် အားလုံး ပလတ်စတစ် အန္တရာယ် နဲ့ ပတ်သက်ပြီးဆောင်ရန် ရှောင်ရန်များကို အတိုင်းအတာ တစ်ခုထိသိရှိနေကြပြီးလိုထင်ပါတယ်။ အားလုံး မိမိတတ်နိုင်သမျှ လိုက်နာပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့။ လှပတဲ့ သဘာဝပတ်ဝန်း ကျင်ကိုဖန်တီးကြစို့။

Ref: NationalGeographic,ConservingNow, Plastic Statistic,

TharHtoo(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top