နှစ်လကျော်အတွင်း လုပ်သားနှစ်သောင်းနီးပါးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၅ ခုကို အတည်ပြုပေးခဲ့

yyl-001.jpg

အခုဘဏ္ဍာနှစ်ရဲ့အစဖြစ်တဲ့ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃ ရက်ထိ နှစ်လကျော်အတွင်း အလုပ် အကိုင်အခွင့်အလမ်း နှစ်သောင်းနီးပါး ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၅ ခုကို အတည်ပြုမိန့် ထုတ်ပေး ခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။

အဲဒီရင်းနှီးမြှုပ်နှံမှု ၃၅ ခုဟာ ဒီဇင်ဘာ ၃ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ ထပ်မံအတည်ပြု ပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၃ ခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ British Virgin Islands ၊ အိန္ဒိယ၊ Seychelles နဲ့ UK တို့ကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆောင်ရွက်မယ့် စက်မှုကဏ္ဍတွေအတွက် လာရောက်ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၅ ခုရဲ့ မတည်ငွေရင်းပမာဏစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၅၁.၅၈၉ သန်းနဲ့ မြန်မာကျပ်ငွေ ၂၀၄၅.၀၀၀ သန်းဖြစ်ပြီး ပြည်တွင်းလုပ်သား ၁၈,၁၆၈ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း တွေကို ဖန်တီးပေးသွားနိုင်မှာ ဖြစ်ပါတယ်။

အရင်ဘဏ္ဍာနှစ်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈၀ ခုကို အတည်ပြုမိန့် ထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၉၃,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မတည်ငွေရင်းပမာဏစုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၂၅၀.၂၅၁ သန်းနဲ့ မြန်မာကျပ်ငွေ ၃၆၅၈၄.၀၁၁ သန်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆,၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ အတည်ပြုလျှောက်ထားလွှာတွေကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးတွင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top