ခေတ်မှီလှပသည့်အသွင်၊ ပြီးပြည့်စုံသော စွမ်းဆောင်ရည်တို့ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည့် vivo Y36

20.6.2023-yyl-9.jpg

vivo Y36 သည် မြန်မာနိုင်ငံဈေးကွက်ထဲရောက်ရှိလာတော့မည်ဖြစ်ပြီး မျှော်လင့်စောင့်ဆိုင်းနေသူတို့ လက်ထဲသို့ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။ Y36 ၏အသွင်အပြင်မှာ Digital Content Creator များနှင့်ဖက်ရှင်အပေါ်စိတ်ပါဝင်စားသူတို့နှင့် အထူးသင့်လျှော်အောင်ဖန်တီးထားပြီး နည်းပညာအပေါ် ရူးသွပ်ကြသူတို့အတွက် မရှိမဖြစ် စွမ်းဆောင်ရည် အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာမည်ဟု ဆိုသည်။

ဒီဇိုင်း
Fantasy Frame နှင့် Crystal glass တို့ပေါင်းစပ်ထားမှုက တန်ဖိုးကြီးပြီးဆွဲဆောင်မှုရှိသည့်အသွင်ကိုပုံဖော်ပေးနိုင်ပါသည်။ Golden Ripple Process ဟုခေါ်သည့် ရွှေရောင်လှိုင်းသဏ္ဍန်ပါဝင်မှုက ခေတ်မှီပြီး ကျက်သရေရှိသည့်အမြင်နှင့်ဖမ်းစားနိုင်မည်ဖြစ်သည်။ အသုံးပြုရပိုမိုအဆင်ပြေစေရန်ဖန်တီးပေးထားသည့် 2.5D Flat Frame ကအသုံးပြုသူတို့အကြိုက်တွေ့စေမည်ဖြစ်ပြီး ခေတ်မှီရိုးရှင်းသည့်ဒီဇိုင်းက လူအများကြားတွင်ထင်ရှားပေါ်လွင်နေမည်ဖြစ်သည်။
အရောင်အနေနှင့် Meteor Black နှင့် Vibrant Gold နှစ်မျိုးမှနှစ်သက်ရာရွေးချယ်နိုင်ပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ကွဲပြားသည့်အကြိုက်နှင့် ကိုက်ညီနေမည်ဖြစ်သည်။

Y36 ၏ စွမ်းဆောင်ရည်ပိုင်း
Snapdragon 680 processor စွမ်းအင်အသုံးပြုထားပြီး အံ့ဩလောက်ဖွယ်ရာမြန်ဆန်မှုကို Y36 တွင်တွေ့ရမည်ဖြစ်သည်။ ၎င်းအချက်သာမကပဲ Y36 ကိုအားကောင်းသော 5000mAh ဘက်ထရီနှင့်ပေါင်းစပ်ထားမှုက အသုံးပြုသူတို့ ကြာရှည်ခံသည့်ဖုန်းတစ်လုံးအဖြစ် ခံစားမိနိုင်မည်ဖြစ်ပါသည်။ 44W FlashCharge နည်းပညာနှင့် အားသွင်းသည့် အခါအထူးလျင်မြန်ပြီး အဆင်ပြေစေမည်ဖြစ်သည်။
အံ့ဖွယ်ဖန်တီးမှုဖြင့် Y36 ကင်မရာကို 50MP HD Main Camera ထည့်သွင်းထားပြီး ပုံရိပ်များကို အသေးစိတ် တိကျပြတ်သားသွာဖမ်းယူနိုင်မည်ဖြစ်သည်။ ထပ်ပေါင်းထည့်သွင်းထားသည့် 16MP HD Portrait Front camera က Selfie ရိုက်ကူးရာတွင် professional ဆန်သည့် self-portrait များကို အကောင်းဆုံးရိုက်ကူးနိုင်မည်ဖြစ်သည်။ Y36 ၏ကင်မရာသည်ခေတ်တစ်ခေတ်ကိုဆန်းသစ်လာခဲ့ပြီး သင့်ရဲ့မြတ်နိုးစရာအမှတ်တရအချိန်များကို မှတ်တမ်း တင်ရာတွင် အဆင့်မြင့်ဓာတ်ပုံပညာအဆင့်အတန်းတစ်ခုနှင့်မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။
အသွင်သစ်၊ ခံစားမှုအသစ်နှင့် Y36၏အမိုက်စားဖန်တီးမှုတို့ကို မကြာခင် တွေ့ရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း မကြာမီ သိရှိရမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top