အာဖရိကတိုက်နဲ့ပတ်သက်ပြီး လူများစုမှာရှိနေတဲ့အယူအဆအလွဲများ

header-1514612074.jpg

ကမ္ဘာကြီးမှာ ဘယ်လောက်ပဲတိုးတက်လာလာ ကျွန်တော်တို့တတွေက အာဖရိကဆိုတာနဲ့ ဆင်းရဲမွဲတေနေတဲ့နေရာလို့ ထင်နေကြတုန်းပါပဲ။ ဒါဟာ တောရိုင်းတိရစ္ဆာန်တွေ၊ ဖုန်ထနေတဲ့လမ်းတွေ၊ ရိုးရာလူမျိုးစုတွေနဲ့ ယာယီဖြစ်ကတတ်ဆန်းပြုလုပ်ထားတဲ့အိမ်လေးတွေကိုအမြင်စွဲနေတာကြောင့် အထင်မှားနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ အာဖရိကဟာ တခြားကမ္ဘာ့တိုက်ကြီးတွေလိုပဲ ဘာပဲလိုလို အလွယ်တကူရနိုင်တဲ့နေရာတစ်ခုပါ။ ဒါကြောင့် အာဖရိကနဲ့ပတ်သတ်ပြီး အမှတ်မှားနေတဲ့ ထင်မြင်ယူဆချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ နည်းပညာမတိုးတက်ဘူး

အာဖရိကမှာ ဘယ်လို အဆင့်မြင့်ဆက်သွယ်ရေးကိရိယာမှမရှိနိုင်ဘူး ဆိုတဲ့အစွဲကို ပထမဆုံးဖျောက်ပစ်ရပါမယ်။ အာဖရိကသား (၉၀) ရာခိုင်နှုန်းဟာ ဖုန်းနဲ့ ကွန်ပျူတာသုံးစွဲရတာကို နှစ်ခြိုက်ကြသူတွေ ဖြစ်ပါတယ်။ ပရိုဂရမ်မာ (programmers) တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း အရမ်းကောင်းတဲ့နေရာဖြစ်ပါတယ်။

၂။ အကုန်လုံးအသားမည်းကြတယ်

အရင်တုန်းကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ အခုတော့ အရာအားလုံးပြောင်းလဲသွားပါပြီ။ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ အသားအရောင်မတူညီကြတဲ့ ဘာသာကွဲပေါင်းဘီလျံချီဟာ အာဖရိကမှာ အခြေချနေထိုင်ကြေပြီ ဖြစ်ပါတယ်။ အာရှနဲ့ ဥရောပက ရွှေ့ပြောင်းနေထိုင်သူအမြောက်အမြားကိုလည်း တွေ့ရှိနိုင်ပါတယ်။

၃။ တောရိုင်းတိရိစ္ဆာန်တွေ ကျက်စားရာနေရာ

အာဖရိကဆိုတာနဲ့ မီဒီယာနဲ့ တီဗီအစီအစဉ်အများစုက တောရိုင်းတိရစ္ဆာန်တွေကျက်စားရာတိုက်ကြီးအဖြစ် ရိုက်ကူးထုတ်လွှင့်ပြကြတာများပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရှိနေပေမဲ့လို့ အမြဲတမ်း အဲဒီအကောင်ပလောင်တွေရန်က လွတ်အောင်ပတ်ပြေးနေရတဲ့ခေတ်မျိုး မဟုတ်တော့ပါဘူး။ သူ့နေရာနဲ့သူနေကြတာပါ။

၄။ အကြမ်းဖက်မှုပေါများတယ်

အာဖရိကဆိုတာနဲ့ ပြစ်မှုတွေအမြဲပေါ်ပေါက်နေတဲ့နေရာလို့ ပြေးမြင်တတ်ကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ရာဇဝတ်မှုကျူးလွန်သူတွေအပေါများဆုံးနဲ့ လုံခြုံမှုမရှိဆုံးတိုက်လို့လည်း ထင်တတ်ကြပါသေးတယ်။ တကယ်တော့ အာဖရိကဟာ ခေတ်နဲ့အမီတိုးတက်ပြောင်းလဲလာနေပြီး မိုးမျှော်အဆောက်အဦတွေနဲ့ လူနေအိမ်တွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်နိုင်တဲ့ နာမည်ကြီးနေရာတွေလည်း ရှိလို့နေပြီဖြစ်ပါတယ်။

၅။ တဲအိမ်တွေထဲမှာပဲ နေကြတယ်

အပေါ်မှာပြောခဲ့တဲ့အတိုင်း အာဖရိကဟာ ဖွံ့ဖြိုးတိုးတက်လာတဲ့အလျောက် လူတွေက ခေတ်မီအဆောက်အဦတွေ၊ နေထိုင်နေကြပါပြီ။ တဲအိမ်တွေနဲ့ နေနေကြတဲ့နေရာတွေလည်းရှိပါတယ်။ သို့ပေမဲ့ မြို့ပေါ်မှာတော့ ဘယ်သူမှ အဲဒီလိုမနေကြတော့ပါဘူး။ မိုးမျှော်တိုက်အများအပြားကို အာဖရိကမှာ အလွယ်တကူပဲ တွေ့နိုင်ပါတယ်။

၆။ အစာရေစာရှားပါးတယ်

အာဖရိကမှာ အစာရေစာပြတ်တောက်သွားတယ်ဆိုတာ လုံးဝမရှိပါဘူး။ မြေသြဇာကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ အာဖရိကသားတွေအတွက် အစာရေစာပြတ်လပ်တယ်ဆိုတာ နှစ်ရှည်လများ ကမ္ဘာနဲ့ချီအလိမ်ခံနေရတဲ့ အစွဲတစ်ခုသာဖြစ်ပါတယ်။

၇။ ရေမရှိဘူး

သောက်သုံးရေ ယာယီပြတ်လပ်တယ်ဆိုတာမျိုးတော့ရှိပါတယ်။ သို့ပေမဲ့ အာဖရိကတစ်တိုက်လုံး ရေပြတ်နေကြတာတော့မဟုတ်ပါဘူး။ နိုင်ငံခြားခရီးသွားရှိတဲ့နေရာမျိုးမှာဆို ရေသန့်ဘူးတွေကို အလွယ်တကူဝယ်လို့ရပါတယ်။ ဆိုဒါတို့ ကိုလာတို့ဆိုတာကလည်း အာဖရိကရဲ့ အဝေးလံအခေါင်ပါးဆုံးနေရာတွေမှာတောင် ဝယ်လို့ရနေပါတယ်။

၈။ စာသင်ဖို့မလွယ်ဘူး

အာဖရိကမှာက နည်းပညာတိုးတက်စေဖို့ ကြိုးကြိုးစားစားဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်တိုင်း နည်းပညာအကြောင်းနားလည်ပြီး ဖေ့စ်ဘွတ်၊ အင်စတာဂရမ်နဲ့ တွစ်တာတို့လို လူမှုကွန်ရက်တွေကိုလည်း အသုံးပြုကြပါတယ်။ အာဏာပိုင်တွေဟာ နည်းပညာပိုင်းတိုးတက်စေဖို့အတွက် အမြဲမပြတ် အားထုတ်လုပ်ဆောင်နေကြတာကြောင့် အာဖရိကတိုက်ဟာ အခြားတိုက်ကြီးတွေလိုပဲ တိုးတက်ဖွံဖြိုးနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Ref: Elitereaders “Myths About Africa That You Need to Stop Believing”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top