Twilight ဇာတ်ကားထဲက လက်ထပ်ပွဲပုံစံ ကျင်းပခဲ့တဲ့ Taeyang နှင့် Min Hyo Rin တို့စုံတွဲ

1.jpg

BIGBANG အဖွဲ့ဝင် Taeyang နဲ့ လေးနှစ်ကြာ ချစ်သူသက်တမ်းရှိခဲ့သူ မင်းသမီး Min Hyo Rin တို့လက်ထပ်ပွဲကို ဆိုးလ်မြို့ Gyeonggi ပြည်နယ် ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇိုင်နာ Suzan Lee ရဲ့ “Wedding of the year” ဆိုပြီးတင်ထားတဲ့ပုံမှာ ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသမီး Min Hyo Rin က အရမ်းလှတဲ့ ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး ကပ်ပန်းလေးတွေကိုလည်း ဂါဝန်အရောင်နဲ့ထပ်တူ ကပ်ပေးထားပါတယ်။ခေါင်းပေါ်မှာ သရဖူလေးဆင်မြန်းထားပြီး ခါးထိရှည်တဲ့ ပဝါပါးလေးအုပ်ထားပါတယ်။ ပန်းစည်လေး ကိုင်ပြီး Tayeyangကို လက်ချင်းချိတ်ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် သတို့သား Taeyang ကတော့ အနက်ရောင်jacket နှင့် ဖဲပြား ကိုဝတ်ဆင်ထားပြီး ကုတ်အင်္ကျီကော်လာပေါ်မှာအဖြူရောင်ပန်းကပ်လေးဆင်မြန်းထားပါတယ်။ လက်ထပ်ပွဲပါတီကိုတော့ အင်ချွန်းပြည်နယ် Paradise City Hotel မှာကျင်းပခဲ့တာဖြစ်ပြီး အလှဆင်ထားတဲ့ မီးအလင်း နှင့် ပန်းတွေက နတ်သမီးပုံပြင်ထဲက အတိုင်းပါပဲ။

3

ဒီလိုမျိုး ခန်းမ အပြင်အဆင်ကိုဖန်တီးပေးတာက Twilight ဇာတ်ကားထဲက Edward နှင့် Bella တို့ရဲ့ သစ်တောထဲက လက်ထပ်ပွဲ အခန်းကို ဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာ Youngsong Martinပါ။ ဒါကြောင့် Taeyangတို့လက်ထပ်ပွဲ ကအရမ်းမိုက်နေတာပါ။ မိသားစု ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်တွေကိုသာဖိတ်ကြားထားတဲ့ private လက်ထပ်ပွဲကိုကိုရီးယားစံတော်ချိန် ညနေ ၃ နာရီမှာ ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး တစ်နာရီကြာ ကျင်းပခဲ့ပါတယ်။ မင်းသား Ki Tae Youngက အခါတော်ပေးပြီး Zio.Tiက ဂုဏ်ပြုသီချင်းသီဆိုခဲ့ပါတယ်။

Paradise City မှာကျင်းပပြုလုပ်တဲ့ ပါတီကိုတော့ BIGBANG အဖွဲ့ဝင် Daesung က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပေးပြီး ဂုဏ်ပြုသီချင်းကိုတော့ CL နှင့် Seungri ကသီဆိုပေးပါတယ်။ လက်ထပ်ပွဲကို BIGBANG အဖွဲ့တော်သားများ PSY Winner အဖွဲ့ဝင် Mino နှင့် Seunghoon SE7EN နှင့် YG Entertainment ကအနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

Ref: Metro: Taeyang and Min Hyo Rin get married in lavish wedding inspired by Twilight

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top