အချစ်ရေးအရှုပ်တော်ပုံအပြီး သရုပ်ဆောင်နယ်ပယ်ကမဟုတ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်လိုက်တဲ့ ဂျပန်မင်းသားချော ခန်တာရို ဆာခါဂူချိ

actor.webp

နာမည်ကြီးဂျပန်မင်းသား ခန်တာရို ဆာခါဂူချိဟာ သူ့ရဲ့သရုပ်ဆောင်လောကကမဟုတ်တဲ့ ချစ်သူ‌‌ကောင်မလေးနဲ့ သီးသန့်မင်္ဂလာပွဲအခမ်းအနားကျင်းပကာ လက်ထပ်လိုက်ပါပြီ။ မင်းသားခန်တာရိုက ဒီသတင်းကို သူ့ရဲ့ Fan Club website မှာ စက်တင်ဘာ ၆ ရက်နေ့က ကြေညာပေးခဲ့တာပါ။

” ဒါက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပေမဲ့ ကျွန်တော်တွဲနေတဲ့ သရုပ်ဆောင်လောကကမဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ မင်းသားတစ်ယောက်အနေနဲ့ ဆက်ပြီး ကြိုးစားသွားချင်ပါတယ် ” လို့ သူက ပြောပါတယ်။ သူ့ရဲ့အေဂျင်စီ Tristone Entertianment ကလည်း ခန်တာရိုရဲ့ဇနီးအကြောင်း၊ သူတို့ရဲ့ဆက်ဆံရေးအကြောင်းထုတ်မပြောဘဲ သူ့ရဲ့လက်ထပ်မှုကို အတည်ပြုပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က သူ့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးအရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။ ခန်တာရိုဟာ ဆံပင်မိတ်ကပ်ဆရာမနဲ့ ချစ်သူသက်တမ်း ၄ နှစ်ရှိခဲ့တဲ့အပြင် နာမည်ကြီးမင်းသမီး မိုင် နာဂါနိုနဲ့ပါ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြခဲ့တာပါ။ အခုဆို သူဟာ သရုပ်ဆောင်နယ်ပယ်က မဟုတ်တဲ့ ချစ်သူကောင်မလေးနဲ့လက်ထပ်ပြီးသွားခဲ့ပါပြီ။

Ref: Kentaro Sakaguchi marries non-celebrity girlfriend following relationship controversy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top